
ဆားလင်းကြီး နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ရရှိစေရန် ရည်ရွယ်၍ မိုးကြိုး ပြင်၊ ကျိုင်းခမောက်၊ ဆင်ဖြူချည်၊ ညောင်ပင်တို ကျေးရွာလေးရွာ၌ အဝီစိစက်ရေတွင်း တူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ကို ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ထောင်စု မွမ်းမံခွင့်ပြု ရန်ပုံငွေများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
မိုးကြိုးပြင် ကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန် တည်ဆောက် ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ကျိုင်းခမောက် ကျေးရွာတွင် လေးလက်မ အဝီစိ စက်ရေတွင်းတစ်တွင်း တူးဖော် ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့် ရေစင်တစ်ခု တည်ဆောက်ခြင်း၊ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း၊ ဆင်ဖြူချည် ကျေးရွာတွင် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်း တူးဖော်ခြင်း၊ ပန့် တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ညောင်ပင်တိုကျေးရွာတွင် လေး လက်မ အဝီစိစက်ရေတွင်း တစ်တွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တစ်ခု တည်ဆောက်ခြင်း၊ ရေစက်ရုံ တစ်ခုတည်ဆောက်ခြင်း၊ မီးလိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ထောင်စု၊ မွမ်းမံခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီ များက အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းထံမှ သိရသည်။
အဆိုပါ ကျေးရွာ၌ လုပ်ငန်း များ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာလေးရွာ၌ရှိသည့် အိမ်ခြေ ၉၄၅ အိမ်မှ လူဦးရေ ၅၁၀၀ အတွက် သောက်သုံးရေ ရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း သိရ သည်။
ငြိမ်းသူ