ဆားလင်းကြီးမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံးဟောင်း အဆောက်အဦအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဇန်နဝါရီ   ၃၁
CRPH    နှင့်    NUG  အမည်ခံ အကြမ်းဖက်      အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး    ဦးတည် ချက်များဖြင့်   PDF   အမည်ခံ အကြမ်းဖက်အဖွဲ့ကို    ဖွဲ့စည်း၍ အချို့သော       ဒေသများတွင် အေးချမ်းစွာ      နေထိုင်ကြသော ပြည်သူများကို    အကြောင်းပြ ချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်     အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ် များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံ ပိုင်ဘဏ်များ၊  ပုဂ္ဂလိကပိုင်ဘဏ် များနှင့်   ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့်  ပစ္စည်းများ အား လုယက်ခြင်း စသည့် အဖျက် အမှောင့်လုပ်ရပ်များကို  ကျူးလွန် လျက်ရှိသည်။
ထိုသို့ အဖျက်အမှောင့်လုပ်ရပ် များ       ကျူးလွန်လျက်ရှိရာ ဇန်နဝါရီ  ၂၉ ရက်   ည  ၉  နာရီ ခွဲတွင်    စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်  အမှတ်(၃)ရပ်ကွက်ရှိ    မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေး   ဦးစီးဌာနရုံးဝင်း အတွင်းသို့ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က ရောက်ရှိလာပြီး အဆိုပါ      ရုံးဝင်းအတွင်းရှိ  အဆောက်အဦ တစ်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ သဖြင့်        မီးလောင်မှုကြောင့် အလျား ပေ ၆၀ ၊ အနံ  ပေ  ၄၀ ၊ အမြင့်ပေ ၂၀ သွပ်မိုး/ဝါးကပ်ကာ အဆောက်အဦတစ်လုံး  မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း       သိရ သည်။
အထက်ပါ ဖြစ်စဉ်မှ အကြမ်း ဖက်မှုလုပ်ရပ်များကို ကျူးလွန်သူ များအား         ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ  တည်ငြိမ်အေးချမ်း ရေးအတွက်    လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်    လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်လျက်       ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်