
စေတနာ ဝေဖြာ ပဒေသာကပွဲကြီး
v အနုပညာသည် ပြည်သူ့အတွက်
ပြည်သူ့အတွက် အနုပညာ ၊
တိုင်းကျိုးပြည်ပြု အစဉ်ရှေးရှု
လူထုအတွက် ခေတ်အဆက်ဆက်
ထမ်းရွက်ခဲ့ပါ၊
စာပေ ရုပ်ရှင် သဘင် ဂီတ
ကဏ္ဍများ စုံလင်စွာ
ခုံမင်စွာ ဖျော်ဖြေပေး ၊
ပြည်သူ့နှလုံး ရွှင်ပြုံးစေဖို့
ခြယ်မှုန်းတယ်လေး ။
v အနုပညာရှင်နဲ့ ပြည်သူကြား
ကြည်ဖြူ ချစ်ခင်မှုများ ဝေစည်၊
အပြန်အလှန် အထောက်အကူပေးလို့
ဖေးမ ကူညီ ၊
မိသားစု ပီပီ
တူညီကာ ဝေမျှ ၊
မရှိအတူ ရှိအတူပေါ့
အေးတူ ပူမျှ ။
v ဆိုင်ကလုန်း မိုခါ မုန်တိုင်း
ကဆုန်စိုင်း ဝင်မွှေ ၊
ဒို့မြန်ပြေ ရခိုင်ဒေသ
ဘေးဒုက္ခဝေ ၊
အနုပညာရှင် တို့တတွေ
မနေနိုင်ပေ သားချင်းအရေး ၊
မုန်တိုင်းဒဏ် ဒေသများနဲ့
မုန်တိုင်းခံ ပြည်သူများကို
သွားရောက် အားပေး ။
v အားပေးရုံတင် မက
စုံလင်စွ စေတနာတွေ ၊
တတ်နိုင်တာ ဖြည့်ဆည်းလို့
အပူမီး မျှဝေ ၊
ထပ်ပြီးတော့ ကူချင်နေ
မေတ္တာတွေ အနန္တ ၊
တတ်ကျွမ်းရာ ကိုယ့်အစွမ်းနဲ့
ဆောင်မြန်း ကြံဆ ။
v ပဒေသာကပွဲကြီး
စုစည်းပြီး ကပြမည်၊
အနုပညာရှင်များ အားလုံး
စည်းရုံး ညီညီ ၊
ပွဲကြီးက ရသမျှသည်
ပွဲကြီးသို့ လှူသမျှသည်
ကူကြမည် မုန်တိုင်းဘေး ၊
ပြည့်အင်အား ပြည်သူများမို့
ပြည်သူ့ကြား အနုပညာရှင်များရဲ့
သန့်စင်သော မေတ္တာထုနဲ့
ထက်သန်သော စေတနာအစုစုကို
ဂုဏ်ပြုတယ်လေး ။ ။
မျိုးမြတ်မြတ်မြင့်မောင်
(မိုခါ မုန်တိုင်းသင့် ပြည်သူများ ရန်ပုံငွေရှာဖွေမှု
ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲသို့ ဂုဏ်ပြုလျက်)