“စွေ့” ငှက်ပုံ စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

 

နေပြည်တော်  အောက်တိုဘာ ၆ 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက    မြန်မာနိုင်ငံ၌သာ   ကျက်စားသည့်    ဒေသရင်း  ငှက်မျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထား  မှတ်ချက်ပြုထားသည့်    မြန်မာ့ ဒေသရင်း “စွေ့” ငှက်ပုံ  (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ် တစ်မျိုးကို အောက်တိုဘာလ ၉ ရက်၊  (တနင်္ဂနွေနေ့)  နံနက်  ၉  နာရီခွဲမှ စတင်၍    နေပြည်တော်   ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နှင့်      တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချ ပေးသွားမည်ဖြစ်သည်။

 


အထူးအစီအစဉ်       တစ်ရပ်အနေဖြင့် နေပြည်တော်  ဗဟိုစာတိုက်ကြီး၊   ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင်  အောက်တိုဘာ ၉ ရက်၌ ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်