CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သော ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးအရေးယူ

နေပြည်တော် မတ် ၈ လှိုင်မြို့နယ် ပါရမီလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ MICT ဝင်း အပေါက်ဝ၌ မတ် ၂ ရက် နံနက် ၈ နာရီက တက္ကသိုလ်ပေါင်းစုံ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များ စုပေါင်းဆန္ဒပြရန် စုဝေး နေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သည့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား နိုင်ငံသားအစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အများပြည်သူကို ဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သောကြောင့် ရာဇသတ် ကြီး ပုဒ်မ-၅၀၅ (က) ဖြင့် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း ၌ အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖော်ထုတ်တွေ့ရှိ ဒေါက်တာ အာကာမိုးသူသည် CDM ထောက်ပံ့ရေး ကော်မတီ တစ်ရပ်အား ၎င်းအပါအဝင် ပါမောက္ခ ၇ ဦးဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့၊သယ်ယူ ထောက်ပံ့ရေးအဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့၊ မှတ်တမ်းနှင့် အချက်အလက် ပြုစုရေးအဖွဲ့၊ နည်းပညာနှင့် ဥပဒေအကြံပေး အဖွဲ့ဟူ၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တို့မှ ပါမောက္ခနှင့် ကထိက ၁၅ ဦးဖြင့် ဦးဆောင် ဖွဲ့စည်းကာ CDM လှုပ်ရှားမှုအား ဆောင်ရွက်ခဲ့ခြင်းကို ဖော်ထုတ် တွေ့ရှိရကြောင်း။ အမှုဖွင့်နိုင်ရေးဆောင်ရွက် အဆိုပါ CDM ဦးဆောင် လှုပ်ရှားသူ ပါမောက္ခနှင့် ကထိက ၁၅ ဦးအနက် ဒေါက်တာ အာကာ မိုးသူနှင့် ချိတ်ဆက်လှုပ်ရှားသည့် ကျန်ပါမောက္ခနှင့် ကထိက ၁၄ ဦး တို့အား ဆက်စပ်တရားခံအဖြစ် အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ တရားခံ ၁၄ ဦးမှာ ဒေါက်တာ ဝေယံလင်း (ပါမောက္ခ၊ ရန်ကုန် တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)၊ ဒေါက်တာ နန်းနွယ် (တွဲဖက် ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)၊ ဒေါက်တာ အောင်ကျော်စွာ (တွဲဖက် ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒ ဌာန)၊ ဦးကြည်ထင်ပေါ် (တွဲဖက်ပါမောက္ခ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်၊ သင်္ချာဌာန)၊ ဒေါက်တာ ဝင်းပပထွန်း (တွဲဖက် ပါမောက္ခ၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ စိတ်ပညာဌာန)၊ ဦးလှမျိုး(ကထိက၊ ဒဂုံတက္ကသိုလ်၊ မနုဿဗေဒဌာန)၊ ဒေါက်တာ ကျော်သန်းမိုး (ကထိက၊ ဒဂုံ တက္ကသိုလ်၊ ရူပဗေဒဌာန)၊ ဒေါက်တာယဉ်ယဉ်ဝင်း (ကထိက၊ ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာန)၊ ဦးတင်အောင်မိုး (ကထိက၊ ရန်ကုန်တက္ကသိုလ်)၊ ဒေါက်တာ သန်းလွင်ဦး (ကထိက၊ ရန်ကုန် တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံ ရေး ဌာန)၊ ဦးသန်းထိုက်အောင် (ကထိက၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ သမိုင်းဌာန)၊ ဦးအောင် ကျော်စိုး (ကထိက၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ သတ္တ ဗေဒဌာန)၊ ဒေါက်တာ တိုးတိုး ကျော် (ကထိက၊ ရန်ကုန်အရှေ့ ပိုင်း တက္ကသိုလ်) နှင့် ဒေါက်တာ သုလင်းဝေ (ကထိက၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်) တို့ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်