စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃)သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ


 

နေပြည်တော်  ဒီဇင်ဘာ  ၇    
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) ပြန်တမ်းဝင်အရာရှိ     ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  စစ်တက္ကသိုလ်  ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊   စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး   ဗိုလ်မှူးချုပ် ဇော်မင်းလတ်နှင့်    ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
ဦးစွာ         ဒုတိယဗိုလ်ချုပ်ကြီး  လင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့်   စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည်   စင်မြင့်ထက်တွင်   နေရာ ယူကြသည်။    ယင်းနောက်   ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က   ကျောင်းဆင်းဗိုလ်လောင်း  တစ်ဦး ချင်းစီအား   ပြန်တမ်းဝင်ခန့်အပ်လွှာများ   ပေးအပ် သည်။ 
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး  လင်းအောင်က အမှာစကားပြောကြားပြီး အခမ်းအနားကို  ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။         သတင်းစဉ်