
နေပြည်တော် ဇွန် ၁
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက် ၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအိမ်ရာ ဝင်းအတွင်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိမ်ခန်း များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းမိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု၍ မိသားစုဝင် များ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီနှီး မေးမြန်း အားပေးစကားပြောကြားပြီး ရေသယ်ယာဉ် များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အထူးဆေးကုသရေးအဖွဲ့က စစ်တွေမြို့နယ် သဲချောင်းကျေးရွာရှိ ဆိုင်ကလုန်း ရှပ်တာ၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ ကို သွားရောက်ကြည့်ရှုအားပေးပြီး လူနာတစ်ဦးချင်း စီ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)နှင့် အလှူရှင်များက လှူဒါန်းသည့် ထမင်းဟင်းလျာ ဘူးများအား ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ထို့ပြင် စစ်တွေမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း အဆိုပါ ထမင်း ဟင်းလျာဘူးများကို တာဝန်ရှိသူများက အသီးသီး သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် အဆိုပါ ထမင်းဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် စစ်တွေတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့ များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင် များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်