
စစ်တွေ ဇူလိုင် ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် တပ်မတော် ဆေးဘက် ဆိုင်ရာ သူနာပြုတပ်ဖွဲ့နှင့် ဌာန ဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူလူထု များ ပူးပေါင်း၍ လူနာအခြေပြု ရပ်ကွက်နှင့် အခြေခံပညာကျောင်း ၁၅ ကျောင်းတွင် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
တပ်မတော်ဆေးဘက်ဆိုင်ရာ သူနာပြုတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ သည် အခြေခံပညာ မူလတန်း ကျောင်း မင်းဂံ အကွက်(၁၁)၊ အမှတ်(၉) အခြေခံပညာ အထက် တန်းကျောင်း မင်းဂံ၊ အခြေခံ ပညာ မူလတန်းကျောင်း မှန်စီ၊ အခြေခံပညာ မူလတန်းကျောင်း မင်းဂံ အကွက်(၁၄)၊ အခြေခံပညာ မူလတန်းကျောင်း လမ်းမတော် တောင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း ရွှေပြား၊ အခြေခံပညာ မူလတန်းကျောင်း တရားသီးစု၊ အခြေခံပညာအလယ် တန်းကျောင်း ဆင်ကူးလမ်း၊ အမှတ်(၁၅) အခြေခံပညာ မူလ တန်းလွန်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ရေတပ်၊ အခြေခံပညာ မူလတန်းကျောင်း ဘိုးသာနှင့် အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်း များ တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော် ဆေးဘက်ဆိုင်ရာမှ ပညာရှင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက် ခြေနီတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်း များ ပါဝင်သည့် အဖွဲ့သည် စစ်တွေမြို့နယ်အတွင်း စာသင် ကျောင်းရှိ စာသင်ခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဖြစ်သည့် သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ကန်များတွင် ပိုး လောက်လမ်း သေဆေး(အဘိတ်) ခတ်ခြင်းနှင့် ဆရာ ဆရာမများအား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)