စစ်တွေမြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ဓာတ်အားလိုင်းများကို ပြင်ဆင်လျက်ရှိ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လမ်းမီးများ ဖြန့်ဖြူးပေးသွားမည်

 

နေပြည်တော်    မေ    ၂၅ 


မိုခါမုန်တိုင်း      တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့    အပါအဝင်    ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ    စစ်တွေခရိုင်၊ မောင်တောခရိုင်နှင့် မြောက်ဦးခရိုင် တို့တွင် ၁၁ ကေဗွီဓာတ်အားလိုင်း များ၊ ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံ များ၊ ၄၀၀  ဗို့ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့သည်။ ၂၃၀ ကေဗွီ   အမ်း- ပုဏ္ဏားကျွန်း ဓာတ်အား လိုင်းအပါဝင်    ၆၆    ကေဗွီ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော      ဓာတ်အားလိုင်းများ နှင့် ၃၃ ကေဗွီ မြေပုံ၊ ပေါက်တော ဓာတ်အားလိုင်းများလည်း ထိခိုက် ပျက်စီးခဲ့ရပြီး ဓာတ်အား ပြတ်တောက်လျက်ရှိသည်။

 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်      ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သော        ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အချိန်မီပြင်ဆင်  နိုင်ရေးအတွက်  လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်    ကွပ်ကဲရေးဦးစီး ဌာနမှ အဖွဲ့  ၁၆  ဖွဲ့  (လူအင်အား ၅၆၇  ဦး၊  ယာဉ်ယန္တရား   ၆၂ စီး)၊ လျှပ်စစ်ဓာတ်အား           ဖြန့်ဖြူးရေး လုပ်ငန်းမှ အဖွဲ့၁၄ ဖွဲ့( လူအင်အား ၅၃၆ ဦး၊ ယာဉ်ယန္တရား  ၄၉ စီး) တို့ဖြင့်        အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ သည်။

 


လျှပ်စစ်ဓာတ်အား    ဖြန့်ဖြူး ရေးလုပ်ငန်းအနေဖြင့် စစ်တွေမြို့ အတွင်း     ဖြန့်ဖြူးရေးဓာတ်အား လိုင်းများ    ပြင်ဆင်ပြီးစီးမှုအခြေ အနေအရ စစ်တွေမြို့ပေါ်ရှိ မေယု လမ်းမကြီး    လမ်းတစ်လျှောက် ကားကြီးဝင်းအနီးမှ   မီးစက်ကြီး အဝိုင်းနှင့်    မီးစက်ကြီးအဝိုင်းမှ နာရီစင်အထိ      လည်းကောင်း၊ လမ်းမကြီး         လမ်းတစ်လျှောက် နာရီစင်မှ ဘီလူးမချောင်းတံတား  နှင့်   ဘီလူးမချောင်းတံတားမှ ဆတ်ရိုးကျတံတား    လမ်းအထိ လည်းကောင်း မေ ၂၅ ရက် ညမှ   စတင်၍    ၁၉:၀၀ နာရီမှ ၂၂:၀၀  နာရီအထိ   ၅၀၀     ကေဗွီအေ ဒီဇယ်ဓာတ်အားပေး      စက်ဖြင့် လမ်းမီးများ   ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း၊ အများပြည်သူများ၏ တယ်လီဖုန်းနှင့်    ဆက်စပ်ပစ္စည်း များ၊  အလင်းရောင်သုံး  လျှပ်စစ် ပစ္စည်းများ    အားသွင်းအသုံးပြုနိုင် ရန်အတွက်   Charging   Point နေရာများအား     ကားကြီးဝင်း၊ မီးစက်ကြီးအဝိုင်း၊         ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့၊   ယဉ်ကျေးမှု ပြတိုက်၊     ဘီလူးမတံတားထိပ် စသည့်    နေရာငါးခုတွင်   စီစဉ် ဆောင်ရွက်ပေးသွားမည်     ဖြစ် ကြောင်း    သိရသည်။

 


ယနေ့ညနေပိုင်းက  လျှပ်စစ် စွမ်းအားဝန်ကြီးဌာန          ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်  လမ်းမကြီး တစ်လျှောက်          လမ်းမီးများ ထွန်းလင်းထားရှိမှုနှင့် Charging Points  များတွင်   အများပြည်သူ များ       ဓာတ်အားအဆင်ပြေစွာ သုံးစွဲနေမှုများကို       လိုက်လံ စစ်ဆေး             ကြည့်ရှုခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)