
စစ်တွေ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများနှင့် ဘင်္ဂါလီကျေးရွာများရှိ အခြေခံပညာအလယ် တန်းနှင့် အထက်တန်းကျောင်းမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ရာတွင် အုန်းတောချေ IDPs စခန်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(အုန်းတောကြီး)၊ အခြေခံ ပညာမူလတန်းလွန်(ဘုမေ)၊ အခြေခံပညာမူလတန်း လွန်(သဲချောင်း)၊ အခြေခံပညာအထက်တန်းကျောင်း (သက္ကေပြင်ကုန်း)၊ အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း(ပါဒလိတ်)၊ အခြေခံပညာမူလတန်း ကျောင်း(ရွှေပြား)၊ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်း(စစ်တွေတပ်နယ်)၊ အမှတ်(၉) အခြေခံ ပညာ အထက်တန်းကျောင်း(မင်းဂံ)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စစ်တွေတပ်နယ်မှ တာဝန် ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်း သူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း၊ ရောဂါအခံ ရှိ မရှိ မေးမြန်းခြင်းများ ဆောင်ရွက်ကြပြီး ဆေးထိုးနှံပေးကြကာ ဆေးထိုးပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် အလယ်တန်း အဆင့်တွင် ၁၅၄၀၉ ဦးနှင့် အထက်တန်းအဆင့် တွင် ၅၆၆၁ဦး စုစုပေါင်း ၂၁၀၇၀ ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)