
စစ်တွေ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အောက်တိုဘာ ၂၂ ရက်က တပ်မတော်လေယာဉ်ဖြင့် သယ်ယူ ရောက်ရှိလာကြောင်း သိရသည်။
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင် ခန်းတွင်ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Sinopharm များကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ် များဖြင့် Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ ဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူ များသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သိရသည်။
ထို့သို့ ဖြန့်ဖြူးပေးလျက်ရှိရာ အောက်တိုဘာ ၂၂ ရက်တွင် သံတွဲ မြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinopharm အလုံးရေ ၁၄၇၄၃ လုံးနှင့် စစ်တွေမြို့သို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ ၂၁၈၅၁ လုံး၊ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အလုံးရေ ၁၀၀၀ နှင့် ဆေးထိုးအပ် အချောင်း ၅၀၀၀ တို့ကို တပ်မတော် လေယာဉ်ဖြင့် သယ်ယူလာရာ မြို့နယ်အလိုက် တာဝန်ရှိသူများ က လက်ခံရယူပြီး ပြည်နယ် အတွင်း အခြားမြို့နယ်အသီးသီး သို့ ဆက်လက်ဖြန့်ဝေ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)