
နေပြည်တော် ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လေးဝတီပညာရေး ရိပ်သာတွင် နေထိုင်၍ အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။
ထို့နောက် တိုင်းမှူးက ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ပညာရေး ရိပ်သာအတွင်းရှိ အိပ်ဆောင်များ၊ အားကစားခန်းမ နှင့် စုပေါင်းစားချက်ဆောင်တို့အား လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်