စစ်တွေကမ်းခြေနှင့် ပွိုင့်အပန်းဖြေစခန်း၌ သီတင်းကျွတ်ကာလရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

 

စစ်တွေ   အောက်တိုဘာ   ၂၁


ရခိုင်ပြည်နယ်  စစ်တွေကမ်းခြေနှင့် ပွိုင့်အပန်းဖြေစခန်း၌ သီတင်းကျွတ်ကာလ ရုံးပိတ်ရက် များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ခရီးသွားဧည့်သည်များဖြင့်  စည်ကား လျက်ရှိကြောင်း သိရသည်။

 


စစ်တွေကမ်းခြေပွိုင့်အပန်းဖြေစခန်းရဲ့ သာယာလှပပုံကို ပြည်တွင်းပြည်ပက ခရီး သွားများ စိတ်ဝင်စားကြပြီး  တစ်ဆင့်စကား တစ်ဆင့်ကြား၍ လည်းကောင်း၊ Facebook ပေါ်တွင်တွေ့ရှိ၍ လည်းကောင်း  သီတင်းကျွတ်ကာလရုံးပိတ်ရက်များတွင်  အနယ်နယ် အရပ်ရပ်မှ  ခရီးသွားဧည့်သည်များ၊   ဒေသခံပြည်သူများ အများအပြား  လာရောက် လည်ပတ်လျက်ရှိကြောင်း  ဒေသခံခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။

 


ထို့ပြင် ခရီးသွားမိဘပြည်သူများ အေးချမ်းစွာ အနားယူနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့ မှုမရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။         


ဝင်းမင်းစိုး(ပြန်/ဆက်)