စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၊ ပုညရှင်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်

 

မုံရွာ အောက်တိုဘာ ၈    


စစ်ကိုင်းတိုင်ဒေသကြီး   စစ်ကိုင်းမြို့   စစ်ကိုင်း တောင်ရိုး   ဆွမ်းဦးပုညရှင်စေတီတော်၊  ပုညရှင် သာသနာ့ဗိမာန်တော်ကြီး   တည်ဆောက်နိုင်ရေး အတွက် အလှူတော်ငွေပေးအပ်ပွဲ  အခမ်းအနားကို အောက်တိုဘာ  ၈ ရက် နံနက်ပိုင်းက အဆိုပါ  စေတီတော်မြတ်ကြီး  ရင်ပြင်တော်ပေါ်တွင်ကျင်းပရာ အခမ်းအနားသို့     တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်   ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


 အခမ်းအနားတွင် စစ်ကိုင်းမြို့ သောတပန် ရပ်ကွက်  ခေမာသီဝံကျောင်းတိုက်   နိုင်ငံတော် သြဝါဒါစရိယ  မဟာသဒ္ဒမ္မဇောတိကဓဇ   ဘဒ္ဒန္တ ပညာသီရီ  ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   ဧည့်ပရိသတ်များက  ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 


ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သယံဇာတရေးရာဝန်ကြီးတို့က   ဆွမ်းဦးပုညရှင် ဂေါပကအဖွဲ့ထံ     တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်လက်ခံရယူပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊  တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကော်မတီထံ   အလှူရှင်များက အလှူငွေများအသီးသီး ပေးအပ်လှူဒါန်းကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 


ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြသည်။

 


အဆိုပါ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦး ပုညရှင်စေတီတော်မြတ်ကြီးတွင်  ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး       တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်     အလှူရှင်များက     စုစုပေါင်း လှူဒါန်းငွေကျပ်သိန်းပေါင်း   ၃၅၄၄၄၀၀၀၀  ကို လှူဒါန်းကြသည်။

 


ထို့နောက်      တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုညရှင်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှုကို   ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 


ဆက်လက်ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင် စေတီတော်၊ ပုညရှင်သာသနာ့ဗိမာန်တော်   တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  တည်ဆောက်နေမှု အခြေအနေ၊ သုံးစွဲကုန်ကျမှုနှင့် အလှူငွေရရှိမှုများကို ရှင်းလင်းပြောကြားသည်။ 

 


ယင်းနောက်   ပုညရှင်သာသနာ့ဗိမာန်တော်  တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက     တည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် အလှူငွေ ရရှိသုံးစွဲမှု    အခြေအနေများနှင့်   ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက      အထွေထွေအကြံပြု ဆွေးနွေးတင်ပြကြသည်။

 


ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏  အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို   တာဝန်ရှိသူများနှင့်       ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ  အစည်းအဝေးကို  ရုပ်သိမ်းခဲ့ သည်။                

          
တိုင်းဒေသကြီး(ပြန်/ဆက်)