
မုံရွာ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်သည် တိုင်း ဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်အတူ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့ နံနက်ပိုင်းတွင် ဗဟို မဏ္ဍပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးဌာနမဏ္ဍပ်များ၌ ပျော်ရွှင်စွာ ရေကစားနေမှုများ ကို ကြည့်ရှုအားပေးကာ စတု ဒိသာကျေးမွေးနေမှု မဏ္ဍပ်များ သို့ သွားရောက်ကြည့်ရှုအားပေး ကြပြီး ညနေပိုင်းတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အကအဖွဲ့ ပြိုင်ပွဲများတွင် ဆုရရှိကြသူများ အား ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ရှေးဦးစွာ မဟာသင်္ကြန် ပွဲတော်ကာလအတွင်း အဆိုအက ပြိုင်ပွဲများတွင် ဆုရရှိသူများအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးတို့က ဆုများအသီးသီး ချီးမြှင့်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)