စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 

မုံရွာ  ဇွန်   ၂၆


ကျောင်းများဥပဓိရုပ်   ကောင်းမွန်ရေး၊   ကျောင်း ပတ်ဝန်းကျင်   သန့်ရှင်းသာယာသပ်ရပ်စေရေးတို့ အတွက် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်ဆေးများ ပက်ဖျန်းခြင်း၊ ကျောင်း သား ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ပညာ သင်ကြားနိုင်ရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းကို ဇွန် ၂၅ ရက်က မုံရွာမြို့  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း-အလုံ တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 


အဆိုပါ  စုပေါင်းသန့်ရှင်းရေး    လုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများက    လိုက်လံကြည့်ရှုအားပေးပြီး  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြ သူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သင်ကြားမှုတွင် ဆရာ ဆရာမများ ပြည့်စုံရေး၊ ကျောင်းအပ်နှံထားသည့် ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်ကျောင်း တက်၍ ပညာသင်ကြားရေး၊ သင်ကြားရေး ပရိဘောဂ နှင့် ကျောင်းဆောင်များပြည့်စုံရေး၊  ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းသာယာသပ်ရပ်စေရေး၊ ကျောင်းသား ကျောင်းသူများ  စိတ်အေးချမ်းသာစွာနှင့်  ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်း-အလုံ၊ ရေအိုးကျေးရွာ အမှတ်(၆၂) အခြေခံ ပညာမူလတန်းကျောင်း၊ ခံတောကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းနှင့် သစ်ဆိမ့်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများအတွက် ငွေကျပ် ငါးသိန်းစီနှင့် အားကစားပစ္စည်းများအား ကျောင်းအုပ် ကြီးများထံ ပေးအပ်ခဲ့ကြသည်။


တိုင်းဒေသကြီး  (ပြန်/ဆက်)