စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲ

 

မုံရွာ   ဧပြီ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်     ဦးမြတ်ကျော်နှင့်   ဇနီး၊  တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များသည်   ၁၃၈၄  ခုနှစ်၊  ၂၀၂၃ ခုနှစ်    မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့    နံနက်ပိုင်း တွင်   မုံရွာမြို့     ဗိုလ်ချုပ်လမ်းပေါ် ရှိ   ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။

 


ဦးစွာ   ဗဟိုမဏ္ဍပ်မှ   ယိမ်း အကလှပျိုဖြူများ၊    နိုင်ငံကျော် ရုပ်ရှင့်နှင့် ဗီဒီယိုသရုပ်ဆောင်များ သီဆိုဖျော်ဖြေမှုကို     ကြည့်ရှု အားပေးသည်။

 


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊    တာဝန်ရှိ သူများသည်    တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဌာနမဏ္ဍပ်သို့ ရောက်ရှိရာ  မဏ္ဍပ် မှ    ယိမ်းအက  လှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြ ပြီး ဖျော်ဖြေသည့် ယိမ်းအကအလှ အဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များ နှင့် အဆိုတော်များအား   တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက      ဆုများချီးမြှင့်ခဲ့ ကြောင်း  သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)