
ကလေး ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ် သည့် ကတ္တရာလမ်း ငါးလမ်းနှင့် ကွန်ကရစ်တံတားနှစ်စင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီက ချမ်းမြေ့အောင်စည် လမ်း၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖွင့်လှစ်ပေးသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာ စကားပြောကြားသည်။ ထို့နောက် ကလေးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ် အမှုဆောင် အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီခိုင်က ချမ်းမြေ့အောင် စည်လမ်း၊ ပိတောက်မြိုင်လမ်း၊ စံပယ်ဖြူလမ်း၊ မိုက်ကယ်လမ်း၊ ရွှေတောင်ကြားလမ်းနှင့် ဥပုသ် ချောင်းတံတား၊ ပိတောက်မြိုင် လမ်း ကွန်ကရစ်တံတားများနှင့် ပတ်သက်သည့် အချက်အလက် များကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြား သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ် ထူးမြင့်၊ ကလေးခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြသည်။
အဆိုပါ ကတ္တရာလမ်းငါးလမ်း နှင့် ကွန်ကရစ်တံတားနှစ်စင်းကို ခွင့်ပြုငွေကျပ် သန်း ၃၁၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ လမ်းနှင့် တံတားများကို အဆင့် မြှင့်တင် ဆောင်ရွက်ပေးနိုင် သောကြောင့် မြို့ပြနေပြည်သူ ၅၂၀၀၀ နှင့် ကျေးလက်နေ ပြည်သူ ၆၈၀၀၀ တို့အတွက် ကုန်စည်ပို့ဆောင်ရေး၊ ကူးသန်း သွားလာရေးတို့အတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)