စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးသို့ တက်ရောက်

 

မုံရွာ မတ် ၂၉


ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရေး၊ သင့်လျော် ကောင်းမွန်သည့်   အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့်   မိသားစုဝင်ငွေ   တိုးတက်ရရှိကာ အမျိုးသမီးငယ်များ     သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ   အလုပ် အကိုင်အခွင့်အလမ်းများ   ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁၁/၂၀၂၃) ဖွင့်ပွဲကို မတ် ၂၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့     အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) သင်တန်းခန်းမတွင်   ကျင်းပရာ    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊   တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


လက်တွေ့အသုံးချ ချုပ်လုပ်


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေး အလုပ်သမားပပျောက်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်မှသာ       ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်ကြောင်း၊   သင်တန်း ဆင်းပြီးပါက လက်တွေ့အသုံးချနိုင်ရန်နှင့် တစ်ဦးချင်း ချုပ်လုပ်ခြင်းမှသည်  MSMEs  လုပ်ငန်းများဆီသို့ တိုးတက်အောင်   ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 


 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း ပြသထား သော အပ်ချုပ်စက်များနှင့် သင်တန်းတွင် အသုံးပြု သွားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံ ကြည့်ရှုအားပေးသည်။

 


အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ သင်တန်း သူ ၂၁ ဦး   တက်ရောက်သွားမည်ဖြစ်ရာ  သင်တန်း ကာလ တစ်လကြာ စာတွေ့၊ လက်တွေ့  သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 


ရင်းနှီးမြုပ်နှံမှုအစည်းအဝေး


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသော တိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃) သို့ တက်ရောက်ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး   တိုင်းဒေသကြီး   ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်း အဝေးဆုံးဖြတ်ချက် များ၏    ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ နှင့်  ဆန်နှင့်   သီးနှံကြိတ်ခွဲရေးသုံးစက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် NCY International Co., Ltd. ၏ တည်ဆောက်ရေးကာလ ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ပေးရန်   တင်ပြလာ ခြင်းနှင့်  ကျောက်စိမ်း၊ ကျောက်မျက်အချောထည်နှင့်    လက်ဝတ်ရတနာထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေ သည့် Pyi Kyaw Aung Htay Gems Co., Ltd. မှ တည်ဆောက်ရေးကာလ ဒုတိယအကြိမ်  တိုးမြှင့်ခွင့် တင်ပြလာခြင်းနှင့် အပန်းဖြေဥယျာဉ်၊ ခေတ်မီကစား ကွင်းဝန်ဆောင်မှုလုပ်ငန်း  တည်ဆောက်ရေးကာလ ပထမအကြိမ်    တိုးမြှင့်ခွင့်တင်ပြလာခြင်းတို့အား Power   Point   ဖြင့်    ရှင်းလင်းတင်ပြပြီး    NCY International Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက  စက်ရုံမှ စွန့်ဦးတီထွင်ထုတ်လုပ်သွားမည့် စက်ပစ္စည်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် တက်ရောက်လာကြသော တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်   တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံ မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က     ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကြောင်း   သိရသည်။        

             

တိုင်းဒေသကြီး (ပြန်/ဆက်)