စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်

 

မုံရွာ   နိုဝင်ဘာ  ၄


(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို   ယနေ့မွန်းလွဲပိုင်းတွင်    စစ်ကိုင်းတိုင်းဒေသကြီး  အစိုးရအဖွဲ့  ရုံးဝင်း အတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပရာ အခမ်းအနား သို့    တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   အရာထမ်း၊ အမှုထမ်းများနှင့်   တာဝန်ရှိသူများ   တက်ရောက် ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဖြင့် ဟန်ချက်ညီညီ    လိုက်ပါဆောင်ရွက်နိုင်ခဲ့ကြကာ ဌာန ၏   ပင်မလုပ်ငန်းတာဝန်များအပြင် နိုင်ငံတော်အစိုးရ၊    တိုင်းဒေသကြီး အစိုးရတို့မှ  ပေးအပ်သော လုပ်ငန်းတာဝန်များ၊    အခြားဝန်ကြီးဌာနများမှ လွှဲပြောင်းပေးအပ်သော      လုပ်ငန်းတာဝန်များကို အောက်ခြေရပ်ကွက်/ ကျေးရွာအဆင့်အထိ  ဖွဲ့စည်းခန့်အပ်ထားရှိသော အုပ်ချုပ်ရေးဝန်ထမ်း အဆင့်ဆင့် တို့၏   တာဝန်ကျေပွန်မှုတို့ဖြင့်  အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်ကို   တွေ့ရှိရကြောင်း၊   မိမိတို့ဌာန၏ ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများ ကို လိုက်နာစောင့်ထိန်းထမ်းဆောင်လျက်   နိုင်ငံတော်နှင့်   ပြည်သူ တစ်ရပ်လုံးက အားထားရသော အုပ်ချုပ်ရေးဌာနကြီးနှင့်    အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများဖြစ်အောင်     ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 


ယင်းနောက်   တိုင်းဒေသကြီး   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး  ဦးခင်မောင်ဆန်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်    ဇီးပင်ကြီးတွင်   ဖွင့်လှစ်သည့် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းတွင် စစ်ရေးပြထူးချွန်ဆုရရှိသော ဒေါ်ဇင်မာချော  ဦးစီးအရာရှိ ကို ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက်  အမျိုးသား၊    အမျိုးသမီး  တူညီဝတ်စုံများအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

 


ထို့ပြင်    နံနက်ပိုင်းတွင်    (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်   တိုင်းဒေသကြီးအစိုးရအဖွဲ့  ရုံးဝင်းအတွင်းရှိ    ဓမ္မာရုံတွင်   မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ    ဆရာတော်ကြီးများအား   အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

 


အလားတူ အမှတ် (၄) တပ်မတော် ခုတင် ၃၀၀ ဆံ့ဆေးရုံ မုံရွာမြို့ တွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန    နှစ်ပတ်လည် နေ့   အထိမ်းအမှတ်အဖြစ်     တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  အရာထမ်း၊ အမှုထမ်း  ဝန်ထမ်းများက  စုပေါင်း သွေးလှူဒါန်းကြသည်။

 


အဆိုပါ       စုပေါင်းသွေးလှူဒါန်းနေမှုများနှင့် ဆေးကုသမှုခံယူနေသော      ဒေသခံပြည်သူများကို   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကြပြီး   အာဟာရဖြည့်စွက်စားသောက်ဖွယ်ရာများ      ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်