
စစ်ကိုင်း အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနကကြီးမှူး၍ တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်/မြို့နယ် ငါး လုပ်ငန်းဦးစီးဌာနများမှ အယ်လ်နီ ညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲများ ကျင်းပရာ အောက်တိုဘာ ၁၂ ရက်တွင် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန က ခရိုင်ငါးလုပ်ငန်း ဦးစီးမှူးရုံး၌ လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဟုမ္မလင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနက ဟုမ္မလင်းမြို့နယ် ကတ်သာ ကျေးရွာ၌ လည်းကောင်း ကျင်းပခဲ့သည်။
အလားတူ ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကသာ မြို့နယ်အတွင်း ငါးမွေးမြူလုပ်ငန်း ရှင်များအား ကသာခရိုင် ငါးလုပ်ငန်း ဦးစီးမှူးရုံးနှင့် စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနက စစ်ကိုင်း မြို့နယ်ကုန်းရွာရှိ ငါးမွေးတောင်သူ များအား အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိ ပညာပေး ဟောပြောပွဲများကို အောက်တိုဘာ ၁၈ ရက်က လည်းကောင်း၊ တမူးခရိုင် တမူး မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ များအား ပညာပေးဟောပြောပွဲနှင့် စစ်ကိုင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနက အုန်းတောကျေးရွာရှိ စက်မှု စိုက်ပျိုးရေးကျောင်းတွင် ကျောင်းသား ကျောင်းသူများအား အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၁၉ ရက်ကလည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
အယ်လ်နီညိုပညာပေး ဟော ပြောပွဲတွင် အယ်လ်နီညိုဖြစ်စဉ် ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန် မြင့်မားသည့် ကာလများဖြစ်သော ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံ ပြည်သူများကြုံတွေ့ရမည့် အခြေ အနေများကို ကြိုတင်ပြင်ဆင်ထား ရှိရန်၊ အယ်လ်နီညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ငါးမွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် ငါးမွေးမြူတောင်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သတင်းစဉ်