စစ်ကိုင်းတိုင်းဒေသကြီး၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

မုံရွာ    ဧပြီ   ၁၃  


စစ်ကိုင်းတိုင်းဒေသကြီး၌  ၁၃၈၄  ခုနှစ်၊  ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု      မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် နံနက် ပိုင်းတွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်း ကန်သာယာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ဖွင့်ပွဲ    အခမ်းအနားသို့  တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်၊    အနောက်မြောက်တိုင်း    စစ်ဌာန ချုပ်  တိုင်းမှူး   ဗိုလ်ချုပ်   သန်းထိုက်၊   တိုင်းဒေသ ကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး  အစိုးရ    အဖွဲ့ဝင်များ၊   အနုပညာရှင်များ    တက် ရောက်သည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးမြတ်ကျော်   က   မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော် နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားသည်။

 


ယင်းနောက်    တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်၊ မုံရွာခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး တို့က ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟို မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအက လှပျိုဖြူများက “ မြူမှောင်ဝေကင်း ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

 


စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့  ကန်သာယာ ဝန်းကျင်၌ ကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်ကြီး  လေးခုတို့မှ   ယိမ်းအဖွဲ့များက    သင်္ကြန်ယိမ်းအက၊ တပင်တိုင်အကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် နေ့စဉ် နံနက်၊    ညနေတို့တွင်   စတုဒိသာကျွေးခြင်းများဖြင့်  ကုသိုလ်ပြုကြမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် နေ့အလိုက် ပြိုင်ပွဲဝင်    ယှဉ်ပြိုင်ကပြ   ဖျော်ဖြေကြမည်ဖြစ်ကာ ဧပြီလ ၁၆ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို         ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
    

 

တိုင်းဒေသကြီး (ပြန်/ဆက်)