
နေပြည်တော် ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမား များက ဆားလင်းကြီးမြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာရုံး များအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံး အဆောင်ပစ္စည်းများကို ခြိမ်းခြောက်လုယက်ယူဆောင်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲတွင် ဆားလင်းကြီး မြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ဝင်ရောက်လာပြီး ရုံးကားဂိုဒေါင်အတွင်း သိမ်းဆည်းထားသည့် ဌာနပိုင် New Holland 40HP အမျိုးအစား လယ်ထွန်စက် နှစ်စီး၊ ခုနစ်ပေရှိ Rotavator တစ်လက်၊ Toobox တစ်ခု၊ Air Compressor တစ်လုံး၊ ဒီဇယ်ဂါလန် ၃၀၀ တို့ကိုလည်းကောင်း၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်သမဝါယရုံးအတွင်းသို့ တံခါးများကို ဖျက်ဆီးဝင်ရောက်ကာ ရုံးအတွင်းသိမ်းဆည်းထားသည့် CD-100 N အမျိုးအစား လက်တွန်းထွန်စက် တစ်စီး၊ RISO မိတ္တူကူးစက် တစ်လုံး၊ ရေမော်တာ တစ်လုံး၊ ပန်ကာ တစ်ခု၊ ဖိုင်ဘာခုံ အလုံး ၁၀၀ အားလည်း ကောင်း၊ အဆိုပါရုံးဝင်းအတွင်းရှိ “ရွှေပြည်လင်း” သမဝါယမအသင်း အရောင်းဆိုင်အတွင်းမှ Legal စက္ကူပုံး သုံးပုံး၊ A4 စက္ကူပုံး သုံးပုံးနှင့် ကျောင်းသုံးစာရေးကိရိယာမျိုးစုံ ခန့်မှန်းတန်ဖိုး ငါးသိန်းကျပ်ခန့်တို့ကို လည်းကောင်း၊ အလားတူ ဒီဇင်ဘာ ၂၃ ရက် နံနက် ၆ နာရီ ၅ မိနစ် က ရေဦးမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ မျိုးသန့် ခြံဝင်းအတွင်း၌ ခြံအလုပ်သမားများဖြစ်သည့် ဦးမျိုးလွင်(၄၇ နှစ်)နှင့် ဦးမောင်ထွန်း(ခ)ဝင်းမင်းထွန်း(၂၅ နှစ်)တို့ နှစ်ဦး ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ၎င်းတို့နှစ်ဦးကို သေနတ် များဖြင့် ခြိမ်းခြောက်၍ မျိုးသန့်ခြံ၌ အသုံးပြုနေသည့် New Holland 50Hp အမျိုးအစား လယ်ထွန်စက် တစ်စီးနှင့် ဦးမျိုးလွင်၏ လက်ကိုင် ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်ကာ ထွက်ခွာသွားပြီး မျိုးသန့်ခြံ ဝင်ပေါက်၌ လက်လုပ်မိုင်း နှစ်လုံးကို ဆိုင်ကယ်ဘတ္ထရီအိုး နှစ်လုံးဖြင့် ချိတ်ဆက်ထောင်ထားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဌာနဆိုင်ရာရုံးများမှ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံး အသုံးအဆောင်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်