
မုံရွာ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝ ကောက်ခံ ရရှိရေးဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဘဏ္ဍာနှစ်အလိုက် ဝင်ငွေနှင့် အသုံး စရိတ်မျှတမှုရှိအောင်ဝင်ငွေဖြစ်သည့် ရသင့်ရထိုက် သော အခွန်အခများကို ဥပဒေနှင့်အညီ သတ်မှတ် လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင် ရေးအတွက် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လျာထားချက်များပြည့်မီစွာ ကောက်ခံရာတွင် အခွန်ပညာပေးဆောင်ရွက်ခြင်း၊ မိတ်ဖက်ဌာန ဆိုင်ရာအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အခွန် ပေးဆောင်မှု လွယ်ကူအဆင်ပြေအောင် စီမံ ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးမှသာ ပြည်သူအများစုမှ ဥပဒေနှင့်အညီ အခွန်ပေးဆောင် လာကြမည်ဖြစ်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ စည်းမျဉ်းများအရ ပြေစာအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ရောင်းချ၍ ကျသင့်အခွန် ကောက်ခံ၍ ပေးသွင်းခြင်းနှင့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၏ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများမှ ရရှိသောဝင်ငွေများအပေါ် ပင်ရင်းမှ နုတ်ယူ ပေးသွင်းသည့် အခွန်ကောက်ခံသည့်စနစ်ဖြင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ပေးသွင်းခြင်းဖြင့် ဥပဒေ နှင့်အညီ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မိမိတို့ဌာနများ အလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အစည်းအဝေးသို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)