မုံရွာ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှား ရေးနှင့် ပြန်လည်ကုစားရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမား များ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေးဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က မြန်မာနိုင်ငံအနေဖြင့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ရက်ပေါင်း ၃၀ အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ခဲ့ကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက် အရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသောသူကို ဆိုကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို တိုင်းတာရာတွင် လူ့စွမ်းအား အရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အလွန်အရေး ပါကြောင်း၊ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိသည့် အလုပ်သမား များ ဖြစ်ပေါ်လာစေရန် အသိ ပညာ၊ အတတ်ပညာများ ပြည့်ဝ ရမည်ဖြစ်ကြောင်းနှင့် ကလေး သူငယ်ဘဝမှစ၍ ကျန်းမာကြံ့ခိုင် သော ကလေးသူငယ်များအဖြစ် အရင်ပြုစုပျိုးထောင်ပြီး အသိ ပညာ၊ အတတ်ပညာများ ပြည့်ဝ အောင် လေ့ကျင့်ပေးနိုင်မှသာလျှင် နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင် သည့် လူ့စွမ်းအားအရင်းအမြစ် များ ပေါ်ထွက်လာနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက် ရောက်လာသည့် တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အဆင့် မိတ်ဖက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



