စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြု

 

နေပြည်တော်   နိုဝင်ဘာ   ၁၃


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း များ၊     ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်  တပ်မ တော်သားများအား ဂုဏ်ပြုပွဲကို နိုဝင်ဘာ   ၁၂ ရက်က   မုံရွာမြို့ တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ပြုလုပ်ရာ စစ်ကိုင်း တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်   ဖြိုးသန့်နှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကား ပြော ကြားသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများကို  ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့်         စားသောက်ဖွယ်ရာများ ပေးအပ်ရာ   တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်