
ဆားလင်းကြီး ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ တာကာလတွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၅၄ သန်းဖြင့် ရွှေချမ်းသာ၊ ရွှေကြက် တွန် ကျေးရွာနှစ်ရွာရှိ လယ်ယာ မြေဧက ၃၀၀ မှ လယ်ယာထွက်ကုန်များစျေးကွက်သို့ အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ် လမ်း တစ်လမ်းနှင့် ရေထုတ်ပြွန်တံတား နှစ်စင်း စတင်တည်ဆောက်နေပြီ ဖြစ်ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ရွှေချမ်းသာ၊ ရွှေ ကြက်တွန်ကျေးရွာ နှစ်ရွာကြား ရှိ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည် ငါးဖာလုံ အကျယ် ၁၅ ပေ ထုကျောက်ရောမြေ နှစ်ပေ၊ ဂျင်း ကျောက် ကိုးလက်မနှင့် အရှည် ခြောက်ပေ အကျယ် ၂၄ပေ အမြင့် ခြောက်ပေရှိ ရေထုတ်ပြွန်တံတား နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလ တွင် တိုင်းဒေသကြီး အစိုးရခွင့်ပြု ရန်ပုံငွေကျပ် ၅၄ သန်းဖြင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီမှ ယခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က စတင် ၍ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းက ပြော သည်။
အဆိုပါ ကျေးလက်ကုန်ထုတ် လမ်းနှင့် ရေထုတ်ပြွန်တံတား နှစ်စင်း တည်ဆောက်ပြီးစီးသွား ပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၀၃အိမ်၊ လူဦးရေ ၁၆၁၃ ဦး တို့၏ လယ်ယာမြေဧက ၃၀၀ မှ လယ်ယာ ထွက်ကုန်များသည် ဆားလင်းကြီး၊ ယင်းမာပင် အစ ရှိသည့်မြို့ကြီးများမှ စျေးကွက် များသို့ အချိန်မီ တင်ပို့ရောင်းချ နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။
ငြိမ်းသူ