
မုံရွာ နိုဝင်ဘာ ၇
၂၀၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက်က မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
အနိုင်ရရှိ
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဘိုခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းနှင့် မုံရွာခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ရွှေဘိုခရိုင် အသင်းမှ မုံရွာခရိုင်အသင်းအား ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပ ရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ဂိုးသမားအကောင်းဆုံး ရရှိ သော အားကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသော အားသစားသမားအား ငွေသားဆု နှင့် ဆုတံဆိပ်ကို လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲ တတိယဆုရရှိသော ကောလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ် နှစ်သိန်းကို လည်းကောင်း၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးအေးလှိုင်က ပူးတွဲတတိယဆုရရှိ သော စစ်ကိုင်းခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ်နှစ်သိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော မုံရွာခရိုင် အမျိုးသားဖူဆယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆု နှင့် ငွေသားဆု ကျပ်သုံးသိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသော ရွှေဘိုခရိုင် အမျိုးသားဖူဆယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန် စိုက် ဒိုင်းဆုနှင့် ငွေသားဆုကျပ်ငါးသိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)