စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်

 

မုံရွာ  ဒီဇင်ဘာ   ၂၅


၂၀၂၁ ခုနှစ်  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား  ခရိုင်ပေါင်းစုံ  မြန်မာ့ သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင် ဘာ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့  ပြည်သူ့ အားကစားကွင်းအတွင်းရှိ       မိုးလုံလေလုံ အားကစားခန်းမ၌  ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်    ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဝန်ထမ်းများ၊  ပြိုင်ပွဲဝင်အားကစား သမားများ၊ အားကစားဝါသနာရှင်ပြည်သူများ    တက် ရောက်ကြသည်။

 


ဗိုလ်လုပွဲစဉ်များအဖြစ်  ၄၀-၄၅ ကီလို အမျိုးသမီး ဓားတစ်လက်အတိုက်ပြိုင်ပွဲနှင့် ၅၃-၅၇ ကီလို   အမျိုးသားဗန်တိုအတိုက် ပြိုင်ပွဲများ ကျင်းပပြီးနောက်  ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဥပဒေ ချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီး များက  ၅၃-၅၇ ကီလို အမျိုးသားဗန်တိုအတိုက် ပြိုင်ပွဲနှင့်   ၄၀-၄၅ ကီလို      အမျိုးသမီး        ဓားတစ်လက်အတိုက်ပြိုင်ပွဲတွင်     အကောင်း ဆုံး ဆုရရှိသော အမျိုးသမီးအားကစားသမား များ၊  အမျိုးသား        အားကစားသမားများ၊  တံခွန်စိုက်တတိယဆုရရှိသော     စစ်ကိုင်း ခရိုင်အသင်းနှင့်   တံခွန် စိုက် ဒုတိယဆုရရှိသော  ရွှေဘိုခရိုင်အသင်းတို့အား ဆုငွေနှင့် ဆုတံဆိပ် များကိုချီးမြှင့်ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ် က တံခွန်စိုက်  ပထမဆုရရှိသော မုံရွာခရိုင် အသင်းအား  တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသား ဆုကျပ် ငါးသိန်းကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)