
မုံရွာ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးကြီး တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန၊ ဆန်ကုန်သည်ကြီးများအသင်း၊ ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း နှင့် အသား၊ ငါး၊ ကြက်ဥမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ပြည်သူများကို အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးနေမှုများနှင့် မုံရွာ မြို့ အောင်ချမ်းသာရပ်ကွက်ရှိ တိပိဋကာလင်္ကာရ သာမဏေကျော် ကျောင်းတိုက်ကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများကို တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိပိဋကာလင်္ကာရ သာမဏေကျော် ကျောင်းတိုက်ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ရွှေရတုပညာပါရမီ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ဘိလပ်မြေအိတ် ၃၀၀၀ အားဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြပြီး အလျား ပေ ၁၃၀၊ အနံ ပေ၃၀ ရှိ ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)