စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

 

မုံရွာ၊ စက်တင်ဘာ ၂၇

            စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်း အနားကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြေခံပ ညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ခင်စောလင်း၊ ခန္တီးတပ်နယ်မှူးနှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ကြပြီး ခန္တီးပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ က ကြိုဆိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့တေးသီချင်းသီဆို၍ အခမ်းအနား အား ဖွင့်လှစ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူများ စာဖတ်ရှုနိုင်သည့် အခွင့်အလမ်းများရရှိရေးအတွက် ရှိပြီးသားစာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်အသစ်များထပ်မံလို အပ်သကဲ့သို့ ရပ်ကွက်/ကျေးရွာများတွင် စာကြည့်တိုက်များ   အသစ်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုများကိုလည်း  ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်း သားလူငယ်များ စာကြည့်တိုက်အားအသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူ ကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယနေ့လူငယ်များအပါအဝင် ကျောင်းသား /သူများ၊ ပြည်သူများစာဖတ်ကြစေရန် စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စာတတ်ရုံ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အသိပညာပြည့်ဝ ပြီးဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် တာဝန်ရှိသူများနှင့်မိဘ၊ ဆရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။  

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ထံ ခန္တီးခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ထောက် ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက စာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျပန်းစကေားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသာ/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ များအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာ စီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အားအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျပန်းစကား ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောင်းသူများက ပြန်လည် တင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံအကျိုး မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ကြည့်ရှုအားပေးကာ ခန္တီးပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံရှမ်း/နာဂတိုင်းရင်းသား ကျောင်းသား/သူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ခန္တီးတပ်နယ်မှူး က သီဆိုကပြဖျော်ဖြေပေးသွားကြသော ကျောင်းသား/သူများနှင့် တိုင်းရင်းသားများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်းခင်း ကျင်းပြသထားသော စာအုပ်/စာစောင်များ၊ လှပသာယာပြည်မြန်မာနှင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှု မှတ်တမ်းဓါတ် ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်း ခင်းကျင်းပြသထားသည့် ဒေသဆိုင်ရာဓါတ်ပုံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနပြခန်း၊  စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်နေမှုနှင့် ကလေးစာ ဖတ်ခန်းအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲများကျင်းပနေမှုတို့အား လိုက် လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေး အပ်ခဲ့ကြသည်။

 ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်း အတွင်း အားကစားပြိုင်ပွဲများအဖြစ် သားရေကွင်းသယ်၊ ခွက်နင်းပြိင်ပွဲ၊ ခါးလှည့်ကွင်း ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပူစီးဖောင်းညှပ်ပြိုင်ပွဲများ ယှဉ်ပြိင်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်