စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကလေးမြို့ အခြေခံပညာကျောင်း၌ ကျောင်းသား ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုစစ်ဆေး

 

မုံရွာ  ဖေဖော်ဝါရီ   ၂၂  


စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးမြတ်ကျော်သည်   တိုင်း ဒေသကြီး    အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊   တာဝန်ရှိသူများနှင့်အတူ ယနေ့   နံနက်ပိုင်းက   ကလေး မြို့    မဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်ရှိ   မြို့နယ်သံဃ နာယကအဖွဲ့   (သုဓမ္မာ)   ဥက္ကဋ္ဌ၊ ကံသာယာ   သာသနာပြု     ဗဟို ကျောင်းတိုက်    ထေရဝါဒဗုဒ္ဓ သာသနာပြု     ဗဟိုဆရာတော် ဘဒ္ဒန္တဇဝနနှင့်      မြို့နယ်သံဃ နာယကအဖွဲ့  အကျိုးတော်ဆောင် (သုဓမ္မာ)    မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်၊ မဟာကမ္မ ဌာနာစရိယဆရာတော်     ဘဒ္ဒန္တ ဓမ္မာနန္ဒတို့အား      သွားရောက် ဖူးမြော်ကြည်ညို၍  သာသနာရေး ဆိုင်ရာများကို     လျှောက်ထား တင်ပြပြီး    ဆရာတော်ကြီးများ ထံသို့  ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ   ဆက်ကပ်လှူဒါန်း ပြီး        ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာစေတီတော်၊   ရာဇမုနိ ရှစ်မျက်နှာစေတီတော်နှင့် ဓမ္မာရုံ တို့ ရေရှည်တည်တံ့ရေးအတွက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေး လုပ်ငန်းများကို  တာဝန်ရှိသူများ နှင့် လှည့်လည်ကြည့်ရှုစစ်ဆေး သည်။


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁)   အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ် (၃) အခြေခံ ပညာ       အထက်တန်းကျောင်း တို့သို့  ရောက်ရှိကာ   ခရိုင်ပညာ ရေးမှူး၊     ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် အတူ  Grade- 5၊  Grade-9 ကျောင်းသား      ကျောင်းသူများ     တန်းစဉ်ကူးပြောင်းမှု    နှစ်ဆုံး စာမေးပွဲ      ဖြေဆိုနေမှုတို့ကို လှည့်လည်    ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း   ပေါင်းစပ်ဆောင်ရွက် ပေးသည်။ 


၂၀၂၃ - ၂၀၂၄  ပညာသင်နှစ် တန်းစဉ်ကူးပြောင်းမှု     နှစ်ဆုံး စာမေးပွဲတွင်     ကလေးမြို့နယ် စာစစ်ဌာန   ၅၀ ၌   Grade-5 ကျောင်းသား ကျောင်းသူ  ၂၃၃၄ ဦးနှင့်  Grade - 9  ကျောင်းသား ကျောင်းသူ ၂၄၂၁ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၇၅၅ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)