စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) တက်ရောက်

 

စစ်ကိုင်း  ဇန်နဝါရီ    ၇


စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေး(၁/၂၀၂၂)ကို ဇန်နဝါရီ ၆ ရက်က   တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊   အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊     တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊    မုံရွာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြော ကြားပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ်  ဖြိုးသန့်က   မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊  လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍   ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း    ပြော ကြားသည်။

 


ဆက်လက်၍ အစည်းအဝေး သို့   တက်ရောက်လာကြသော တိုင်းဒေသကြီး      ဝန်ကြီးများ၊  တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများက     နေ့စဉ် ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ ဆေးရုံ တက်ရောက်ကုသမှုနှင့်    ဆေးရုံ ဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲမှု၊      သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံ မှုနှင့်   လုံခြုံရေးဆောင်ရွက်ပေးနေ မှု အခြေအနေများနှင့်ပတ်သက်၍    အကြံပြု ဆွေးနွေးတင်ပြကြသည်။

 


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဆွေးနွေးတင်ပြ ချက်များအပေါ်   လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး
 (ပြန်/ဆက်)