စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ  ၁၉


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   ရောက်ရှိနေသော  တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့်  နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည်   ယနေ့တွင် ရွှေဘိုမြို့  မြို့တော်ခန်းမ၌အခြေပြု၍  ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များနှင့်  ဒေသခံပြည်သူ  စုစုပေါင်း  ၆၂၁  ဦးတို့ကို  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။


ရွေ့လျားခွဲစိတ်ယာဉ်ဖြင့်   
ခွဲစိတ်ကုသပေး


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ   ၁၉၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား မီးယပ်ရောဂါ  ၁၉ ဦး၊   ကလေး ရောဂါ ၄၀၊ အရိုးရောဂါ ၇၀၊ နား၊ နှာခေါင်း၊    လည်ချောင်းရောဂါ ၅၃ ဦး၊   မျက်စိရောဂါ   ၁၆၀  နှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးပြီး      ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ လေးဦးနှင့် မျက်စိခွဲစိတ်လူနာ   နှစ်ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့်   ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၀၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၅၁ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်း များ    ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ် ဖြင့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ဆေးထပ်ဆောင်းထိုးနှံရန် လိုအပ် သူ  ၁၈  ဦးကို     ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။  ထို့ပြင်  လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန      ရွှေဘိုမြို့နယ်ဦးစီးမှူးရုံး မှ    Biometric  အချက်အလက် ကောက်ယူခြင်းနှင့်  UID  နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ကြောင်း သိရသည်။

 

ထမင်းဘူးများနှင့် သောက်ရေသန့် 
ဘူးများ ပေးဝေလှူဒါန်း


ထိုသို့ နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့သို့    ဆေးကုသမှု ခံယူနေသည့်    ဒေသခံပြည်သူများ စားသောက်ရေး   အဆင်ပြေစေ ရန်အတွက်       တာဝန်ရှိသူများ နှင့်   စေတနာရှင်ပြည်သူများက နေ့လယ်စာအတွက်   ထမင်းဘူး များနှင့် သောက်ရေသန့်ဘူးများ ကို ပေးဝေလှူဒါန်းကြသည်။ 


နယ်လှည့် အထူးဆေးကုသ ရေးအဖွဲ့ထံသို့     လာရောက်  ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ၏   စကားသံများကို လည်း ယခုလိုကြားသိရပါတယ်-


ရွှေဘိုမြို့ကပါ။     ခါးနာလို့ လာပြတာပါ။ ပထမအကြိမ်တုန်း က    ဒီမှာသွေးတိုးရောဂါ၊   ဂေါက် ရောဂါကို ပြဖူးပါတယ်။ အများကြီး ဝမ်းသာပါတယ်။ နယ်သူ နယ်သား တွေ၊ အနီးအနားက ကျေးရွာတွေ ကလည်း   လာရောက်ပြသကြပါ တယ်။ ဆေးဝါးတွေလည်း အခမဲ့ ပေးပါတယ်။       မျက်စိရောဂါ အပြင် မီးယပ်ဆိုင်ရာရောဂါတွေ၊ ဓာတ်မှန်တွေလည်း ရိုက်ပေးတယ်။ အဲဒီလို လုပ်ဆောင်ပေးနေတာတွေ ကို သိခဲ့ရပါတယ်။ အသက် ၉၇ နှစ် ရှိတဲ့  အမေကြီးတစ်ယောက်ကို မျက်စိခွဲပေးတာ     တော်တော် ကောင်းပါတယ်။ ဝမ်းသာပါတယ်။ နောက်လည်းမကြာမကြာလာနိုင်  ဖို့အတွက် ဖိတ်ခေါ်ပါတယ်။တခြား မြို့နယ်တွေကိုလည်း အခုလိုကုသ ပေးနိုင်ရင်     ပိုကောင်းပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဆောင် ရွက်ပေးပါသော     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နဲ့       တပ်မတော် အရာရှိကြီးများအားလုံး၊     နိုင်ငံ့ အကြီးအကဲများအားလုံးကို အထူး ပဲ  ကျေးဇူးတင်ရှိပါတယ်လို့  ပြော ကြားလိုပါတယ်။


အသက် ၈၆ နှစ်ရှိပါပြီ။ မျက်စိ မကောင်းလို့လာပြတာပါ။ မျက်စိ မကောင်းတာလည်း နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အခုမျက်စိမကောင်း တာနဲ့ ပတ်သက်ပြီးတော့ တပ်မ တော်နဲ့ ကျန်းမာ‌ရေးဝန်ကြီးဌာန တို့အပြင် စေတနာ့ဝန်ထမ်းတွေကို လည်း ကျေးဇူးတင်ပါတယ်။ အခု လို နယ်လှည့်အထူးကုဆေးအဖွဲ့ဒီလိုရောက်လာအောင်  စီစဉ်ပေး တဲ့       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး  ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့တကွ တပ်မတော်အရာရှိ ကြီးများကို    အများကြီး    ကျေးဇူး တင်ပါတယ်။ နောက်တစ်ခုက ဒီမှာ ခွဲစိတ်တဲ့ ကားကြီးတွေ၊ လုပ်ငန်း စဉ်နဲ့  ပတ်သက်လို့   မျက်စိ၊  နား နှာခေါင်း၊ လည်ချောင်း၊ ခံတွင်း၊ ခါးနာရောဂါ၊    ကလေးငယ်တွေနဲ့ ပတ်သက်လို့၊    အမျိုးသမီးတွေနဲ့ ပတ်သက်လို့၊ အဘိုးအဘွားတွေနဲ့  ပတ်သက်လို့ ရွှေဘိုမှာရှိတဲ့ ရောဂါ သည်တွေအားလုံး   လာရောက် ကုသရာမှာ တစ်နေ့တစ်နေ့ ၃၀၀ ကျော်      ကုသနေတာ    တွေ့ရပါ တယ်။     ရွှေဘိုမြို့နယ်မှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာသား အသီးသီး မှာ မျက်စိနဲ့ပတ်သက်လို့ မျက်ခမ်း စပ်ရောဂါတွေ   ရှိကြတော့   ပူတဲ့ ရာသီဖြစ်တဲ့အတွက်     အခုလို လာရောက်ကုသပေးတာကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့တစ်တွေက ငွေရေး ကြေးရေးပိုင်ဆိုင်ရာလည်း မတတ် နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ဆေးမကုနိုင်လို့ အသက်ပေးလိုက်ရတဲ့     အဘိုး အဘွားတွေ၊ ကလေးတွေ၊ အမျိုး သမီးတွေ   အများကြီးရှိပါတယ်။ အခုလိုလာပြီး  စေတနာနဲ့  နိုင်ငံ တော်အစိုးရက ဆေးကုသတဲ့အခါ မှာ ဆေးစုံ၊ ရောဂါစုံ အားလုံးကုသ ပေးနိုင်တဲ့အဆင့်     ရှိတဲ့အတွက် ရောဂါသည်တွေဟာ  ငါ့ရောဂါနဲ့ ဖြစ်ပါ့မလားဆိုပြီး   စိုးရိမ်စရာ မလိုတော့ဘူး။    အားလုံးလာပြီး တော့ ပြသတာနဲ့ တစ်ပြိုင်တည်း စေတနာထက်သန်စွာနဲ့ သူ့ကဏ္ဍ နဲ့သူ      လုပ်ကိုင်ပေးနေတာကို မြင်တွေ့ရတဲ့အခါ အများကြီးပီတိ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေဘို မြို့နယ်သူ မြို့နယ်သား ရောဂါ သည်ကိုယ်စား အများကြီးကျေးဇူး တင်ပါတယ်။ နောက်နောင်လည်း ရွှေဘိုသူ ရွှေဘိုသားတွေကို အကူ အညီပေးပါလို့ နိုင်ငံတော်အကြီး အကဲတွေကိုလည်း   မေတ္တာရပ်ခံ ပါတယ်။

သတင်းစဉ်