
နေပြည်တော် ဇွန် ၂၆
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာတွင် ဇွန် ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ပေါမမြိုင်ကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက် အဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးအုန်းမောင် (၆၀)နှစ် (ဘ) ဦးညိုအေး၏ သွပ်မိုး၊ ထရံကာ ပျဉ်ခင်း နှစ်ထပ် နေအိမ် ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအုန်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ နေအိမ် အမိုး၊ အကာနှင့် ကြမ်းပြင်များ ပေါက်ပြဲပျက်စီးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူ ဦးအုန်းမောင်အား ဆေးကုသနိုင်ရေး ကသာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရ သည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်း သို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူ များအား ထိခိုက်ဒဏ်ရာ ရရှိသေဆုံးစေခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်