နေပြည်တော် ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သီတဂူ စက္ခုဒါန ဆေးရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံများ၏ အဓိပတိကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက၊ အဘိဓဇအဂ္ဂမဟာ မင်္ဂလာဓမ္မဇောတိက (ရွှေကျင်နိကာယ သံဃရာဇာ) ဒေါက်တာ အရှင်ဉာဏိ ဿရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ/မြိုဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် အလှူရှင်များ တက်ရောက်သည်။
ရှေးဦးစွာ စက္ခုဒါနဆေးရုံ ဖွင့်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးက ဆေးရုံဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ အလှူရှင်ကိုယ်စားလှယ်တစ်ဦးနှင့် မြို့မိ/မြို့ဖ ဦးလှဖေတို့က သီတဂူစက္ခုဒါန ဆေးရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီး နှင့် မြို့မိ/မြို့ဖ ဦးလှဖေတို့က ကမ္ပည်း မော်ကွန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် သီတဂူဆရာတော်ကြီး က ဩဝါဒကထာ မြွက်ကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒေသခံတိုင်းရင်း သားပြည်သူများကိုယ်စား ဝမ်းမြောက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ က သီတဂူအဓိဋ္ဌာန်ရွတ်ဆို၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ သီတဂူစက္ခူဒါန ဆေးရုံ ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သီတဂူဆရာတော် ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်၍ အခမ်းအနား သို့ ကြွရောက်လာသည့် ဆရာတော်/သံဃာတော်များက မေတ္တသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင် များက အလှူငွေများကို ဆေးရုံမှ တာဝန် ရှိသူထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် သီတဂူဆရာတော်ကြီး နှင့် ဆရာတော်/သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များနှင့် ခန္တီးမြို့နယ်တို့မှ လာရောက်ပြသကြသော မျက်စိဝေဒနာ ရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးခဲ့ကာ မျက်စိအထူးကုဆရာ ဝန်ကြီးများက အခမဲ့စမ်းသပ်၊ ခွဲစိတ်၊ ကုသ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု ခဲ့ပြီး သီတဂူဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



