
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သမားများအနေဖြင့် လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မင်းကုန်းကျေးရွာနေ ရပ်/ကျေးစာရေး အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရေကန်သာကျေးရွာအုပ်စု ရပ်/ကျေးစာရေး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ကျောက်ပြင်သာကျေးရွာအုပ်စု မင်းကုန်းကျေးရွာနေ ဒေါ်နေခြည် မင်း၏ နေအိမ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ သည် လက်နက်များ ကိုင်ဆောင် ရောက်ရှိလာပြီး ဒေါ်နေခြည်မင်း ၏ မောင်ဖြစ်သူအား “ဒေါ်နေခြည် မင်းအနေဖြင့် အလုပ်မှ CDM ပြုလုပ်ပြီး ကျေးရွာသို့ ရောက်ရှိ သည့်အချိန်မှ ပြန်လွှတ်ပေးမည်” ဟု ပြောဆို၍ ဓားစာခံဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ အကြမ်းဖက်သမား များက ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် မောင်ဖြစ်သူ အား ပြန်လည်ခေါ်ယူနိုင်ရေး အတွက် ဒေါ်နေခြည်မင်းသည် ၎င်းတာဝန် ထမ်းဆောင်လျက်ရှိ သည့် ရေကန်သာကျေးရွာအုပ်စုမှ ၎င်းနေထိုင်ရာ မင်းကုန်းကျေးရွာ သို့ ခွင့်ပြန်သွားခဲ့ပြီး အကြမ်းဖက် သမားများထံမှ မောင်ဖြစ်သူအား ပြန်လည်ခေါ်ယူ၍ ကျေးရွာ၌ ပြန်လည်နေထိုင်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကုန်း ကျေးရွာသို့ သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် စဉ် အဆိုပါကျေးရွာနေ ပြည်သူ များက အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ သော်လည်း ဒေါ်နေခြည်မင်းနှင့် မိသားစုဝင်များမှာ ၎င်းတို့၏ နေအိမ်၌ ဆက်လက်နေထိုင်ခဲ့ ကြကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ပြန်လည်ထွက်ခွာသွားပြီး နောက် ယင်းနေ့ ညနေပိုင်းတွင် မင်းကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက်လာပြီး ဒေါ်နေခြည်မင်း အား “သတင်းပေး၊ ဒလန်” ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင် သွားပြီး သတ်ဖြတ်ခဲ့ကြောင်းသိရှိ ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များနှင့် စုံစမ်းစစ်ဆေးမှုများ သွားရောက် ဆောင်ရွက်လျက် ရှိသည်။
အကြမ်းဖက် သမားများ အနေဖြင့် ၎င်းတို့အပေါ် လိုလား ထောက်ခံခြင်းမရှိသူများနှင့် နိုင်ငံ့ ဝန်ထမ်းများအား အကြောင်း အမျိုးမျိုးပြ စွပ်စွဲသတ်ဖြတ်ခြင်း များကို ကျူးလွန်လျက်ရှိသဖြင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြရန်နှင့် အကြမ်း ဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာ ရပ်ခံ သတင်းထုတ်ပြန်အပ် ပါသည်။
သတင်းစဉ်