
မုံရွာ ဇူလိုင် ၁၀
၂ဝ၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုး သား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၈ ရက်က မုံရွာမြို့ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပ ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင် လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ် ကောင်စီအဖွဲ့ဝင်များနှင့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ဗိုလ်လုပွဲစဉ်အဖြစ် သုံးယောက်တွဲပြိုင်ပွဲ ယင်းမာပင် မြို့နယ် အမျိုးသားပိုက်ကျော်ခြင်း အသင်းနှင့် မြင်းမူမြို့နယ် အမျိုး သား ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးပြီး မြင်းမူမြို့နယ် ပိုက် ကျော်ခြင်းအသင်းမှ ယင်းမာပင် မြို့နယ် ပိုက်ကျော်ခြင်းအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်းက အမျိုး သမီးပိုက်ကျော်ခြင်း နှစ်ယောက် တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဝက်လက်မြို့နယ် အသင်း၊ အမျိုးသား ပိုက်ကျော်ခြင်း၊ နှစ် ယောက်တွဲပြိုင်ပွဲတွင် တတိယဆု ရရှိသော ရွှေဘိုမြို့နယ်အသင်း အမျိုးသမီး ပိုက်ကျော်ခြင်း နှစ် ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော ယင်းမာပင်မြို့နယ် အသင်းတို့အား တစ်ဦးချင်းဆုတံ ဆိပ်များနှင့် ငွေသားဆု၊ ဒိုင်းဆု များကို လည်းကောင်း၊ တိုင်းဒေ သကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ရီရီသန်းက အမျိုးသား ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော စစ်ကိုင်းမြို့နယ်အသင်း၊ အမျိုး သမီးပိုက်ကျော်ခြင်း နှစ်ယောက် တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မြောင်မြို့နယ်အသင်းနှင့် အမျိုး သားပိုက်ကျော်ခြင်း နှစ်ယောက် တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မြင်းမူမြို့နယ် အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု၊ ဒိုင်းဆုများကို လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုး သမီးပိုက်ကျော်ခြင်း သုံးယောက် တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ရေဦးမြို့နယ်အသင်း၊ အမျိုးသမီး ပိုက်ကျော်ခြင်း သုံးယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ခန္တီး မြို့နယ်အသင်း၊ အမျိုးသား ပိုက် ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ တွင် ဒုတိယဆုရရှိသော ခန္တီး မြို့နယ်အသင်း၊ အမျိုးသား ပိုက် ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ တွင် ဒုတိယဆုရရှိသော ယင်းမာပင် မြိုနယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆု၊ ဒိုင်း ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမျိုးသမီး ပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ ဆုရရှိသော မြောင်မြို့နယ်အသင်း နှင့် အမျိုးသား ပိုက်ကျော်ခြင်း သုံးယောက် တွဲပြိုင်ပွဲတွင် ပထမ ဆုရရှိသော မြင်းမူမြို့နယ်အသင်း တို့အား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆု များကို တာဝန်ရှိသူများထံ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ရက်ကန်း သင်တန်းကျောင်းတွင် ဖွင့်လှစ် ထားရှိသည့် Quarantine Center အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)