
မုံရွာ သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက်က တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Confe-rencing စနစ်ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ကိုယ်စားပြု အရည်အချင်းပြည့်ဝသည့် ပညာ ရှင်၊ ဝါသနာရှင်များကို ဗဟိုအဆင့် သို့ ရွေးချယ်စေလွှတ်နိုင်ရေး အတွက် တာဝန်ရှိသူများက ဘက်လိုက်မှု ကင်းကင်းဖြင့် ရွေးချယ်ပြီး ဗဟိုအဆင့်တွင် အဆင့်တန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင် ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေး ကြရန် ပြောကြားသည်။
ယင်းနောက် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင် သန်းဝင်းက လုပ်ငန်းများဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာ သူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအလိုက် စီမံဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)