
မုံရွာ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်သည် တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးတင်သန်း ဝင်း၊ တိုင်းဒေသကြီး လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက် တိုဘာ ၂၃ ရက် နံနက်ပိုင်းက မုံရွာမြို့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မုံရွာ)ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော် စိုးက ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများနှင့် ကမ်းပြိုကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက် မည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရေလမ်းကောင်းမွန်ရေး လုပ်ငန်း များ၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများနှင့် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတ်မှတ်စံချိန်စံညွှန်း များဖြင့် ပြည့်မီကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေး အချိန်မီပြီးစီးရေးတို့နှင့် ပတ်သက်၍ မှာကြားကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မုံရွာ)ရုံးအနီး၌ ဆောင်ရွက်လျက်ရှိသည့် ချင်းတွင်းမြစ် ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ရေထိန်းတာပေါင် တည်ဆောက်နေမှုနှင့် တည် ဆောက်ရေးပစ္စည်းများ အရည် အသွေးပြည့်မီရေးတို့အား ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မုံရွာမြို့ ကျောက် စစ်ပုံ ကျေးရွာအနီးရှိ အလျားပေ ၅၀၊ အနံ ပေ ၃၀ ဥစားကြက် မွေးမြူရေးဇုန် ရှင်းလင်းဆောင် ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး ပြီး ဥစားကြက်မွေးမြူရေးဇုန် အဝင်လမ်း အရှည်ပေ ၁၀၀၀ အား အကျယ် ၁၆ ပေ၊ ကိုးလက်မထု ကွန်ကရစ်လမ်း ခင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ် ထူးမြင့်က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားကာ ကွန်ကရစ်လမ်းပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး မွေးမြူရေးလုပ်ငန်း ရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးကာ ဥစား ကြက်များ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဥစားကြက်မွေးမြူ ရေးဇုန်တွင် လုပ်ငန်းရှင် ၇၅ ဦးမှ ဥစားကြက်ခြံ ၉၀ တွင် ဥစား ကြက်အကောင်ရေ ၇၅၀၀၀ကောင် မွေးမြူထားရှိပြီး နေ့စဉ် ကြက်ဥ အလုံးရေ ၄၅၀၀၀ ထွက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ မြို့နယ် ရှားပြေးကျေးရွာအနီးရှိ ငုံးမွေးမြူရေးဇုန်သို့ ရောက်ရှိရာ ငုံးဇုန်အဝင်လမ်း အရှည်ပေ ၂၁၆၀ အား အကျယ် ၁၆ ပေ၊ ကိုးလက်မ ထု ကွန်ကရစ်လမ်းခင်းနေမှု အား တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ကွန်ကရစ်လမ်း ခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ငုံးမွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ နှုတ်ဆက်သည်။
အဆိုပါ ငုံးမွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၆၇ ဦးမှ ငုံးခြံ ၇၂ ခြံ တွင် ငုံးအကောင်ရေ ၇၀၀၀၀၀ မွေးမြူထားရှိပြီး နေ့စဉ် ငုံးဥ အလုံးရေ ၃၂၀၀၀၀ ထွက်ရှိ ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)