
မုံရွာ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုး မြစကြာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက် အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးတို့အား ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။ ဆက်လက်၍ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သုဗောဓာရုံကျောင်းတိုက်၌ ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ နှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးအား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
အဆိုပါ စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက် ရှိ ဆရာတော် သံဃာတော် ၅၄၅ ပါးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် ၄၅ အိတ်၊ ဆီ ၈၁ ပိဿာ၊ ဆား ၃၄ ပိဿာ၊ ပဲ ၈၁ ပိဿာနှင့် သုဗောဓာရုံကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာ တော် ၄၂၁ ပါးတို့အတွက် ဆွမ်းဆန် ၃၅ အိတ်၊ ဆီ ၆၃ ပိဿာ၊ ဆား ၂၆ ပိဿာ၊ ပဲ ၆၃ ပိဿာတို့ အား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိရာ စစ်ကိုင်းခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမကြီးများ နှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများက အခြေခံပညာ ကျောင်းများဖွင့်လှစ်ထားရှိမှု၊ ကျောင်းသားအပ်နှံမှု နှင့် ကျောင်းတက်ရောက်မှုအခြေအနေ၊ ကျောင်းသုံး ပရိဘောဂပစ္စည်းများ လိုအပ်မှုအခြေအနေ၊ ကျောင်း ဆောင်အဆောက်အဦများ လိုအပ်မှုအခြေအနေများ နှင့် သင်ကြားရေးနှင့် စီမံရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြ ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)