
မုံရွာ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူသင်တန်း ပထမနှစ် အပတ်စဉ် - ၂၂ နှင့် ဒုတိယနှစ် အပတ်စဉ်- ၂၁ သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်း ပညာရေးတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပ ရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ ဆရာ၊ ဆရာမ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပညာရေးဘွဲ့ စာပေး စာယူသင်တန်း ပထမနှစ် အပတ်စဉ် - ၂၂ သင်တန်းသား သင်တန်းသူများထံ ငွေကျပ်- ၂၅ သိန်းနှင့် ဒုတိယနှစ် အပတ်စဉ်- ၂၁ သင်တန်းသား သင်တန်းသူ များထံငွေကျပ်- ၂၅ သိန်းတို့အား ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် စစ်ကိုင်းပညာ ရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြော ကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး ကာ သင်တန်းသား သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ ပညာရေးဘွဲ့ စာပေး စာယူသင်တန်း ပထမနှစ် အပတ်စဉ် - ၂၂ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၉၇၇ ဦး၊ ဒုတိယနှစ်အပတ်စဉ်- ၂၁ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၀၅၉ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၀၃၆ ဦး တက်ရောက်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းပညာရေး တက္ကသိုလ် ဆိုင်းဘုတ်မုခ်ဦး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်အားပေး ရာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်နှင့် ဒုတိယ ပါမောက္ခချုပ်များက ဆိုင်းဘုတ် မုခ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ် ခဲ့ကြသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)