စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ ဆက်ကပ်လှူဒါန်း မဟာနီလာ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မုံရွာ စက်တင်ဘာ ၁၀ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့ မင်းကွန်းတောင်ရိုးရှိ ဘုန်း တော်ကြီး ကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ ဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်း မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ပရိယတ္တိစာသင်တိုက်ကြီး တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖ များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနားကို ဖွင့်လှစ်ကြ ပြီး စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး သီရိဓဇကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဓမ္မ ဆရာ တော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၁၅ ကျောင်းသို့ ဆွမ်းဆန် ၁၅ အိတ်၊ ဆီ ငါးပိဿာဝင် ၁၅ ပုံးတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် မင်းကွန်းတောင်ရိုး တိပိဋကနိကာယကျောင်းတိုက် ဓမ္မာရုံတော်တွင် ကျင်းပသော မင်းကွန်းဒေသခရီးစဉ် လှည့်လည် ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်သည်။ အဆိုပါ မင်းကွန်းဒေသခရီး စဉ် လှည့်လည်ပြသရေးဆိုင်ရာ ဧည့်လမ်းညွှန် မွမ်းမံသင်တန်းသို့ ဒေသခံသင်တန်းသား သင်တန်း သူ ၃၄ ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့ စစ်ကိုင်း စက်မှုဇုန်အတွင်း မဟာနီလာ နှစ်ဘီး၊ သုံးဘီး ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ရာ စက်ရုံအုပ်ချုပ်မှု ဒါရိုက် တာ ဒေါ်နီလာအေးက စက်ရုံ တည်ဆောက်ခြင်းနှင့် ထုတ်လုပ် ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စက်ရုံဖွင့်လှစ်ခြင်း အထိမ်း အမှတ် ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုမြင့်၊ ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နီလာအေးတို့က စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဟာနီလာ နှစ်ဘီး၊ သုံးဘီး ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နေမှု၊ တပ်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)