စစ်ကိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

 

စစ်ကိုင်း  နိုဝင်ဘာ   ၂၂


စစ်ကိုင်းခရိုင်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် အခြေခံကွန်ပျူတာ သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန       လူထု အခြေပြုဗဟိုဌာန    ကွန်ပျူတာ ခန်းမ၌ နိုဝင်ဘာ ၅ ရက်မှ ၂၄ ရက်အထိ  ရက်သတ္တပတ်သုံးပတ် ကြာ       သင်ကြားပို့ချပေးလျက် ရှိသည်။


ဌာနလုပ်ငန်းများ  ဆောင်ရွက် ရာတွင် အချိန်နှင့်    တစ်ပြေးညီ လွယ်ကူချောမွေ့စွာ      ဆောင်ရွက် နိုင်စေရေး၊ အသိပညာဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ        ရရှိ စေရန် ရည်ရွယ်ပြီး      ဖွင့်လှစ်  သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ      ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ    တာဝန် ရှိသူတစ်ဦးက ပြောသည်။


အဆိုပါသင်တန်းကို     ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအောက်ရှိ  စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ  အရာ ထမ်း/ အမှုထမ်းဝန်ထမ်း ၁၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရ သည်။                

ခရိုင်(ပြန်/ဆက်)