စစ်ဘက်နည်းပညာနှင့် စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူးနှင့် 
JSC “Rosoboronexport” ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
 

 

နေပြည်တော် နိုဝင်ဘာ ၁၂


နိုင်ငံတော်            စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်း ပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲ ကော်မရှင်ဥက္ကဋ္ဌ၊  FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့် JSC “Rosoboronex- port”  ကုမ္ပဏီ   ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarev တို့ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာ  ဧည့်ခန်းမဆောင်၌  လက်ခံ တွေ့ဆုံသည်။

 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊  စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊   FSMTC of Russia ၏  ဒုတိယညွှန်ကြားရေးမှူးနှင့်     JSC “Rosoboronexport” ကုမ္ပဏီမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Nikolay A.Listopadov ၊ စစ်သံမှူး Col. Sergei Kurchenko တို့ တက်ရောက်ကြသည်။ 

 


ထိုသို့     တွေ့ဆုံဆွေးနွေးရာတွင်    နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲဖြစ်သည့် စစ်ဘက် နည်းပညာပိုင်းဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ မြန်မာ့ တပ်မတော်ကို    ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိရာတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ လူသားအရင်းအမြစ်ဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာတို့တွင်  လိုအပ်သည်များ ဝိုင်းဝန်းကူညီ    ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ စစ်ဘက်နည်းပညာနှင့်  စစ်လက်နက်နည်းပညာပိုင်း ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှုများတွင်  တိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံ ကာကွယ် ရေးပိုင်းဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှုများကို လည်း  ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့်  ပတ်သက်၍  ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ  ပူးပေါင်းဆောင် ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူးနှင့် JSC “Rosoboronex- port”  ကုမ္ပဏီမှ    ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ သည်  အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်