စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးလျက်ရှိ

 

မကွေး    သြဂုတ်   ၂၄


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်   တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍ          ဖွံ့ဖြိုး တိုးတက်ရေး  အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီး  ဆီထွက်သီးနှံကဏ္ဍ    ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း        ညှိနှိုင်း အစည်းအဝေး(၁၅/၂၀၂၂)လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၃ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး     အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 


နေကြာသီးနှံ တိုးချဲ့စိုက်ပျိုး


အစည်းအဝေးတွင်    တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က       စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံသည်          စိုက်ပျိုး ထုတ်လုပ်မှုစရိတ်    နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊    အထွက် နှုန်းနှင့်   တစ်ဧက  ဆီထွက်နှုန်း ကောင်းခြင်းတို့ကြောင့်  နေကြာ သီးနှံအား   တိုးချဲ့စိုက်ပျိုးလျက် ရှိရာ       မိုးနေကြာလျာထားချက် ပြည့်မီအောင်          စိုက်ပျိုးရန် ရက်အနည်းငယ်သာ ကျန်ရှိတော့ သဖြင့် သီးသန့်၊  သီးညှပ်စိုက်မည့် ဧရိယာအားလုံး     သြဂုတ်လနှင့် စက်တင်ဘာလအတွင်း   စိုက်ပျိုး ပြီးစီးနိုင်ရေး       တွန်းအားပေး ကြပ်မတ်   ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊       မိုးနေကြာ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မိုးဦး တွင် တွေ့ကြုံရသည့် ပြဿနာများ ကို သင်ခန်းစာယူပြီး    မိုးလယ်တွင် မဖြစ်စေရေး     အထူးသတိပြု ကြပ်မတ်        ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ကဏ္ဍ အနေဖြင့်       စိုက်ပျိုးရေရရှိရေး၊ တစ်ဧကအထွက်နှုန်း    တိုးတက် ကောင်းမွန်စေရေး၊    ပိုးမွှားကျ ရောက်မှုအန္တရာယ် ကာကွယ်ရေး နှင့်   နွေစပါးစိုက်တောင်သူများ ယူရီးယား   ဓာတ်မြေဩဇာများ ပံ့ပိုးပေးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်၊     မိုးနှောင်းဝါ သတ်မှတ်အထွက်နှုန်း    ရရှိရန် အတွက်    မျိုးကောင်း   မျိုးသန့် သုံးစွဲနိုင်ရေး၊ မြေသြဇာစနစ်တကျ သုံးစွဲရေး၊   တစ်ဧကမှာ    ရှိရမည့် အပင်အရေအတွက်    ပြည့်မီရေး ဝန်ထမ်းများမှ   အောက်ခြေအထိ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက် ရန်လည်း       လိုအပ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် အဓိက ကြုံတွေ့နေရသည့် အခက် အခဲများ၊   တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ     ကူညီထောက်ပံ့ပေးရ မည့်    အရာများနှင့်     ပတ်သက်၍ အချိန်မီ        တင်ပြပေးနိုင်ရေး    ဆောင်ရွက်ထားရှိရန်      လိုအပ် ကြောင်း     စသည်ဖြင့်  မှာကြားဆောင်ရွက်သည်။

 


ပေါင်းစပ်ညှိနှိုင်း


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး   ဒုတိယညွှန်ကြား ရေးမှူးက တိုင်းဒေသကြီး ဆီထွက် သီးနှံကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း    အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၂၂)     ဆုံးဖြတ် ချက်များအား ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့်     တိုင်း ဒေသကြီး  လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်  စာရင်းအင်းဦးစီးမှူးတို့က မိမိတို့      လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်းတင်ပြ  ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ   ခရိုင် အုပ်ချုပ်ရေးမှူးများနှင့်   တက် ရောက်လာသူများ၏  အထွေထွေ ဆွေးနွေးတင်ပြ   ဆောင်ရွက်ခဲ့မှု များအပေါ် တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များကို  ဆက်စပ် ဌာနများနှင့်    ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း      ဆောင်ရွက်ပေး ကြောင်း သိရသည်။ 


မောင်ညီညာ