စားသုံးဆီများ ကျန်းမာရေးနှင့်ညီညွတ်၍ ဖူလုံစွာသုံးစွဲနိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းနေ

Type
4

 

သျှင်မေ

ထမင်းနဲ့ဟင်း   တွဲဖက်စားသုံးတဲ့   မိမိတို့နိုင်ငံမှာ ဟင်းလျာတွေ      ကြော်လှော်ချက်ပြုတ်တဲ့အခါ မဖြစ်မနေ  “ဆီ”ကို  အသုံးပြုကြပါတယ်။  ဆီက မရှိမကောင်း၊   ရှိမကောင်း၊   စားလည်းမကောင်း၊ မစားလည်းမကောင်းတဲ့ အရာတစ်ခုပါ။ 
ခန္ဓာကိုယ်အတွက်       လိုအပ်တဲ့စွမ်းအင်ကို ဆီကနေရနိုင်ပေမယ့် ပမာဏများများ လိုအပ်တာ တော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏထက်      ပိုမိုစားသုံးမိမယ်ဆိုရင်     နှလုံး သွေးကြောကျဉ်းတာ၊      အသည်းအဆီဖုံးတာနဲ့ လေဖြတ်တာတွေကို       အများဆုံးရင်ဆိုင်ရနိုင် ပါတယ်။   နေ့စဉ်စားသောက်ကုန်တွေအားလုံးမှာ ဆီကိုရှောင်တယ်လို့      ဘယ်လောက်ပြောပြော အစာစားနေသရွေ့ ဆီရှောင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဆီရဲ့  ဆိုးကျိုးတွေကိုသိပြီး  ကိုယ့်အကြိုက်  ကိုယ့် ဝင်ငွေနဲ့လည်းကိုက်ညီ၊   ကျန်းမာရေးနဲ့   ညီညွတ် တဲ့ဆီကို ရွေးချယ်သုံးနိုင်ဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ      နှစ်စဉ်စားသုံးဆီသုံးစွဲမှုက တန်ချိန်     ၁၂   သိန်းခန့်ရှိပါတယ်။    ပြည်တွင်း ထုတ်လုပ်နိုင်မှုက တန်ချိန် သုံးသိန်းခန့်သာရှိနေပြီး ပျမ်းမျှအားဖြင့်   နှစ်စဉ်တန်ချိန်   ကိုးသိန်းခန့်ကို ပြည်ပကနေ တင်သွင်းနေရပါတယ်။ ဆီအများစုကို အင်ဒိုနီးရှားနိုင်ငံကနေ တင်သွင်းနေပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း ဆီတင်သွင်းကာ ပြည်တွင်း မှာ ဖြန့်ဖြူးရောင်းချပါတယ်။
မပြည့်ဝဆီနဲ့ ပြည့်ဝဆီ
ဆီကို ဓာတ်ခွဲစမ်းသပ်မယ်ဆိုရင် မပြည့်ဝဆီနဲ့ ပြည့်ဝဆီတွေနဲ့ ဖွဲ့စည်းထားပါတယ်။  မပြည့်ဝဆီက ကျန်းမာရေးနဲ့ညီညွတ်ပြီး       ပြည့်ဝဆီကတော့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် ဆီရွေးချယ် တဲ့အခါ      ပြည့်ဝဆီနည်းနိုင်သမျှ      အနည်းဆုံးနဲ့ မပြည့်ဝဆီ    များများပါတဲ့ဆီတွေကို    ရွေးချယ် စားသုံးသင့်ပါတယ်။ ဆီကို ဆီထွက်သီးနှံတွေကနေ ရရှိသလို တိရစ္ဆာန်တွေဆီကနေလည်း ရရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သီးနှံတွေကနေ ရရှိတဲ့ဆီတွေ က မပြည့်ဝဆီ ပိုမိုပါဝင်နေတတ်ပါတယ်။ ကမ္ဘာပေါ် မှာ စားသုံးဆီထုတ်လုပ်တဲ့ ဆီထွက်သီးနှံအမျိုးမျိုး အနက် အဓိကအားဖြင့် လေးမျိုးရှိပါတယ်။ ပဲပုပ်ဆီ၊ နေကြာဆီ၊    မုန်ညင်းဆီနဲ့   စားအုန်းဆီတို့ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့ နိုင်ငံခြားကနေ  တင်သွင်းလာတဲ့  စားအုန်းဆီတွေကို အဓိကထားပြီး စားသုံးနေကြပါတယ်။
ဆီစားသုံးမှုက မိမိတို့တစ်နိုင်ငံတည်းမဟုတ် ဘဲ  ကမ္ဘာအရပ်ရပ်မှာ  စားသုံးကြပါတယ်။  အသုံး အများဆုံးကတော့ ပဲပုပ်စေ့ကနေ  ရရှိတဲ့ ပဲပုပ်ဆီ ဖြစ်ပြီး  ကမ္ဘာ့ဆီသီးနှံထွက်ရှိမှုရဲ့  ၅၈  ရာခိုင်နှုန်း ရှိပါတယ်။ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ပဲပုပ်စိုက်ပျိုးမှုကနေ အဓိကထုတ်လုပ်နေကြတာကို   တွေ့ရှိရပါတယ်။ မုန်ညင်းဆီကတော့ ဆီပါဝင်မှု ၄၀ ရာခိုင်နှုန်းရှိသလို ဆီထွက်ရှိမှုက ၁၈ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ဥရောပ နိုင်ငံတွေနဲ့ တရုတ်၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံတွေ မှာ အများဆုံးထွက်ရှိပါတယ်။ ကမ္ဘာပေါ်မှာ တတိယ အများဆုံး    အသုံးပြုတဲ့ဆီကတော့   နေကြာဆီ ဖြစ်ပါတယ်။ နေကြာစေ့မှာ ဆီပါဝင်မှု ၂၂ ရာခိုင်နှုန်း ကနေ ၃၂ ရာခိုင်နှုန်းအထိရှိပြီး ကမ္ဘာ့ဆီထွက်သီးနှံ ထုတ်လုပ်မှုရဲ့ ၈ ရာခိုင်နှုန်းအထက်ရှိပါတယ်။ ရုရှား၊ ယူကရိန်းနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ အများဆုံး ထုတ်လုပ်ကြတာကို မြင်တွေ့ရပါတယ်။ 
မြန်မာနိုင်ငံမှာတော့       အဓိကအများဆုံး စားသုံးကြတဲ့ ဆီတွေအနက် မြေပဲဆီက မပြည့်ဝဆီ ပါဝင်မှုများလို့     ကျန်းမာရေးနဲ့     သင့်တော်တဲ့ ဆီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြည့်ဝဆီပါဝင် မှုနည်းတဲ့အတွက်  ကိုလက်စထရော  မပါဝင်တာ ကြောင့်   နှလုံးရောဂါ၊   လေဖြတ်နဲ့   အသည်းအဆီ ဖုံးခြင်းတို့ကို ကာကွယ်စေနိုင်ပါတယ်။ အိုမီဂါ ၆ နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြားအာဟာရတွေ ပါဝင်တဲ့အပြင် အခြားဆီတွေနဲ့ နှိုင်းယှဉ်ရင် အပူချိန် မြင့်မြင့်နဲ့ ကြော်လှော်ခြင်းကို ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ 
ထို့အတူပဲ အနံ့အရသာနဲ့ ပြည့်စုံတဲ့ နှမ်းဆီ ကိုလည်း ပြည်တွင်းမှာ အသုံးပြုကြပါတယ်။ နှမ်းဆီ မှာ Antioxidant နဲ့ Polyunsaturated ကြွယ်ဝစွာ ပါဝင်လို့ သွေးပေါင်ချိန်ထိန်းညှိမှုကို ပံ့ပိုးပေးနိုင်ပါ တယ်။  ထို့အတူ  ဗီတာမင်အီးပါဝင်လို့  သွေးတွင်း အဆီများ    ချေဖျက်ရာမှာ   အသုံးဝင်တဲ့အတွက် ခန္ဓာကိုယ်လှပကျော့ရှင်းစေဖို့ မရှိမဖြစ် သုံးစွဲသင့်တဲ့ ဆီအမျိုးအစားဖြစ်ပါတယ်။   ထို့အတူ   ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်လို့ အဆစ်အမြစ်ရောင်ရမ်းတာ၊ အရိုးနဲ့ အူလမ်းကြောင်း ပြဿနာ၊ သွေးကြောပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ ဆီအမျိုးအစားဖြစ်ပါတယ်။
ပြည်တွင်းမှာ အဓိကသုံးစွဲကြတဲ့ နောက်ထပ် ဆီထွက်သီးနှံကတော့        နေကြာဖြစ်ပါတယ်။ နေကြာဆီမှာ ပြည့်ဝဆီပါဝင်မှု ၁၀ ရာခိုင်နှုန်းသာ ရှိတာမို့ အခြားဆီတွေထက် အသုံးပြုဖို့ အသင့်တော် ဆုံးဖြစ်ပြီး  ချက်ပြုတ်ရာတင်သာမက  အလှကုန် အဖြစ်လည်း သုံးစွဲနိုင်ပါတယ်။ ဗီတာမင်အီး ကြွယ်ဝ တဲ့အတွက်    အရွယ်တင်နုပျိုခြင်း၊     သွေးတွင်း ကိုလက်စထရောများ   လျှော့ချပေးနိုင်ခြင်း  စတဲ့ ကောင်းကျိုးတွေကို   အသုံးပြုရင်း   ရရှိစေပါတယ်။
ဆီထွက်သီးနှံအထွက်တိုးစေဖို့ ကြပ်မတ်ဆောင်ရွက်
မိမိတို့နိုင်ငံမှာ ဆီထွက်သီးနှံတွေ ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ပြည့်မီနိုင်စေရေးအတွက် နိုင်ငံတော်က ရည်မှန်း ချက်ထားရှိပြီး             ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)မှာ ဆီထွက်သီးနှံနှင့်ပတ်သက်လို့ နိုင်ငံ အနေနဲ့ နှစ်စဉ်ပြည်ပက စားသုံးဆီတွေကို တင်သွင်း နေရပြီး   ပြည်တွင်းကထွက်ရှိတဲ့   ဆီထွက်သီးနှံ ထွက်ကုန်တွေကိုတော့      ပြည်ပကို    တင်ပို့နေရ ကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပြည့်ဝစွာ ထွက်ရှိနိုင်ရေးနှင့်    အချက်အလက်   မှန်ကန်စွာ ရယူနိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွား ရန်လိုအပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်(၄) ချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က တွန်းအားပေးဆောင်ရွက် ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တစ်ဧက အထွက်နှုန်းအတိုင်း      ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက  ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည် ဖြစ်သဖြင့်  ပြည်ပငွေသုံးစွဲမှု  များစွာလျှော့ချနိုင် မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားပါတယ်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက် ပြည့်မီစေဖို့ အထူးစီမံချက်ရေးဆွဲပြီး    အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါတယ်။  ၂၀၂၄-၂၀၂၅  ခုနှစ် ကနေစတင်ပြီး  မြေပဲ၊  နှမ်း၊  နေကြာ  ဆီထွက် သီးနှံတွေကို   ဇုန်အလိုက်   အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက  ဆောင်ရွက်လျက်ရှိပါ တယ်။   ဆီထွက်သီးနှံတွေ   စိုက်ပျိုးရမယ့်ပမာဏ အတိုင်း   စိုက်ပျိုးပြီး   ပန်းတိုင်အထွက်နှုန်းရရှိစေဖို့ ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ်   ၂၀၂၃-၂၀၂၄    ခုနှစ် စိုက်ပျိုးရာသီမှာ  မြေပဲ၊ နှမ်း၊ နေကြာ  ဆီထွက် သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ  သွင်းအားစု  ပံ့ပိုးပေးတဲ့စနစ်နဲ့  စီမံကိန်းရေးဆွဲ တာတွေအပြင် ချေးငွေပံ့ပိုးမှုအနေနဲ့ မြေပဲတစ်ဧက ငွေကျပ် သုံးသိန်း၊ နှမ်းတစ်ဧက ငွေကျပ် ၁ ဒသမ ၅ သိန်းနဲ့ နေကြာတစ်ဧက ငွေကျပ် နှစ်သိန်းနဲ့ ညီမျှ တဲ့ သွင်းအားစုတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

အထူးဇုန်များဖော်ဆောင်နေ
ယခုဘဏ္ဍာနှစ်အတွင်းမှာပဲ    ဆီထွက်သီးနှံ ကို    အထူးဇုန်တွေအ‌‌နေနဲ့    စိုက်ဧက   သုံးသန်း စိုက်ပျိုးသွားမှာဖြစ်ပြီး မြေပဲ ၊ နှမ်း ၊ နေကြာတွေကို  မကွေးတိုင်းဒေသကြီး၊    မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊   ဧရာဝတီတိုင်းဒေသကြီးနဲ့   ရှမ်း ပြည်နယ်တို့ မှာ  အထူးဇုန်တွေ သတ်မှတ်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။  ဆီထွက်သီးနှံအထူးဇုန်တွေ ဖော်ဆောင်ရာမှာ    တောင်သူတွေကို    မျိုးစေ့နဲ့ သွင်းအားစုရရှိအောင် စီစဉ်ပေးမယ့်အပြင် မြေဆီ လွှာပညာရှင်တွေ၊   မျိုးစေ့ပညာရှင်တွေနဲ့  ပိုးမွှား ရောဂါကာကွယ်ရေး ပညာရှင်တွေ၊ အထူးအရာရှိ တွေပါဝင်တဲ့ ပညာရှင်အဖွဲ့က ဒေသအလိုက် မြေပဲ၊ နှမ်း၊ နေကြာ စတဲ့   အသိပညာပေး စည်းရုံးဟောပြော ခြင်းတွေ၊ အထူးဇုန်အတွင်း ပါဝင်မယ့် တောင်သူ တွေကို မိရိုးဖလာစိုက်ပျိုးနည်းစနစ်ထက် သွင်းအား စုလိုအပ်ချိန်မှာ   သွင်းအားစု   အချိန်မှန်ထည့်သွင်း နိုင်ဖို့၊ ရောဂါပိုးမွှားများ ကျရောက်တဲ့အခါ  အချိန်မီ ကာကွယ်နိုင်ဖို့၊ ရေလိုအပ်ချိန် စိုက်ပျိုးရေဖြည့်ဆည်း နိုင်ဖို့   ပေါင်းစပ်ဆောင်ရွက်ခြင်းနည်းလမ်းတွေနဲ့ အထွက်နှုန်းပြည့်မီအောင်     ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံ စိုက်ပျိုး ဧက ၈ ဒသမ ၃ သန်း ခန့်ရှိတဲ့အနက်  ဧက ၃ သန်း ကို ကနဦးအနေနဲ့  ဆီထွက်သီးနှံ အထူးဇုန်အဖြစ် စတင်အကောင်အထည်ဖော်နေတာပါ။ 
ပြည်တွင်းမှာ  လိုအပ်တဲ့ဆီတွေကို  နှစ်စဉ် ပြည်ပကနေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဖိုး တင်သွင်းနေရတဲ့အတွက် နိုင်ငံခြားငွေ ပိုမိုသုံးစွဲ နေရတဲ့အတွက်  အခုလို  နိုင်ငံ့စီးပွားရန်ပုံငွေသုံးစွဲ ပြီး   ပြည်တွင်းဆီထုတ်လုပ်မှုကို   မြှင့်တင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဆီထွက် သီးနှံစိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်တွေကို ဆီထွက်  သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီကနေ ဦးစီး လုပ်ဆောင်နေပြီး  အဆင့်မီဆီစက်တွေ  တပ်ဆင် တာ၊  အသစ်တည်ဆောက်တာနဲ့ လက်ရှိ ဆီစက် တွေ အဆင့်မြှင့်တင်တာတွေကိုတော့ ဆီစက်ချေးငွေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့တွေက ဆောင်ရွက်ပေးနေ တာကိုလည်း မြင်တွေ့ရပါတယ်။
ဆီစက်များအတွက် ဖြည့်ဆည်းပေးနေ
ပြည်တွင်းထုတ်လုပ်မှုစာရင်းတွေအရ  ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံးမှာ အကြီးစား ဆီစက် ၂၃၀ ကျော်၊ အလတ်စားဆီစက် ၉၂၀ ကျော် နဲ့  တစ်နိုင်တစ်ပိုင်  ဆီစက်ငယ်  ၃၁၀၀  ကျော် ရှိပါတယ်။ တစ်နှစ်ကို စားသုံးဆီထုတ်လုပ်မှုကတော့ တန်ချိန် ၆၆၀၀၀ ကျော်ရှိပြီး ပြည်တွင်းလိုအပ်ချက် ကတော့ လက်ရှိအချိန်အထိ လိုအပ်နေဆဲပဲ ဖြစ်ပါ တယ်။  မြန်မာ့ဆီထွက်သီးနှံတွေ ပြည်ပကို ကုန်ကြမ်း လုံးဆန်အတိုင်း        တင်ပို့ရောင်းချခြင်းတွေနဲ့ ပြည်တွင်း  ရိုးရာပုံစံစားသုံးမှုတွေကြောင့်  ဆီစက် တွေ ကုန်ကြမ်းရရှိဖို့ ခက်ခဲနေရပြီး စက်စွမ်းအား အပြည့် မလည်ပတ်နိုင်ကြတာကိုလည်း မြင်တွေ့ ရပါတယ်။ 
ပြည်တွင်းစားသုံးဆီဈေးကွက်မှာ ပြည်ပကနေ တင်သွင်းလာတဲ့  စားအုန်းဆီတွေရဲ့  ဈေးနှုန်းကို မယှဉ်နိုင်တာ၊ ဓာတုဗေဒပစ္စည်းအသုံးပြု အရောင်၊ အနံ့များ   ပေါင်းစပ်ထားတဲ့   ပြုပြင်ရောင်းချတဲ့ ဆီတွေက  ဈေးကွက်မှာ  စားသုံးသူတွေ  လက်ခံ သုံးစွဲနေကြတာကလည်း ပြည်တွင်းဆီစက်တွေအဖို့ အခက်အခဲတစ်ရပ်ဖြစ်ပါတယ်။  ကုန်ကြမ်းရရှိမှု အားနည်းခြင်းနဲ့ ကုန်ချောကို ဈေးကွက်မှာ မမှန် မကန်များအကြား     ယှဉ်ပြိုင်နေရခြင်းကလည်း ပြည်တွင်းဆီစက်လုပ်ငန်းများကို  များစွာအထိနာ စေခဲ့ပါတယ်။
နိုင်ငံတော်အနေနဲ့    ဆီကြိတ်ခွဲထုတ်လုပ်ဖို့ အတွက်    ငွေကြေးအရင်းအနှီးလိုအပ်ပြီး    ချေးငွေ မရရှိသေးတဲ့  ဆီစက်လုပ်ငန်းရှင်တွေကို   ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဖြစ်    တစ်ဦးကို အများဆုံးငွေကျပ်သိန်း     ၃၀၀၀    အထိ   ထပ်မံ ထုတ်ချေးပေးသွားမယ်လို့       ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး        ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က     ပြီးခဲ့တဲ့လက ကြေညာချက်ထုတ်ပြန်ထားပါတယ်။     ဆီစက်လုပ်ငန်းရှင်တွေကို      ထုတ်ချေးပေးမယ့်  ချေးငွေပမာဏကတော့   လုပ်ငန်းသုံး  လည်ပတ် ရင်းနှီးငွေ (working capital) အတွက် ငွေကျပ်သိန်း ၁၀၀ ကနေ ငွေကျပ်သိန်း ၃၀၀၀ အထိ၊ မတည်ရင်းနှီး ငွေ (Fixed Capital)အတွက် ငွေကျပ်သိန်း ၂၀၀ မှ အများဆုံး ငွေကျပ်သိန်း ၃၀၀၀ အထိဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ခုနစ်ခုတို့မှ ဆီစက်ပိုင်လုပ်ငန်းရှင် ၂၁ ဦး ဆီစက်ချေးငွေအဖြစ်    ငွေကျပ်   ၁၇၇၃    သန်း ထုတ်ချေးထားခဲ့တဲ့အတွက်     ပြည်တွင်းဆီစက် များ     ပြန်လည်ဦးမော့လာကာ     ထုတ်လုပ်မှု တိုးတက်လာနိုင်တာနဲ့အမျှ     ပြည်သူတွေ    စားဆီ သုံးစွဲမှုစရိတ်   လျှော့ချလာနိုင်မယ်လို့   ခန့်မှန်းရ ပါတယ်။
ဒေသတွင်းထွက်ရှိတဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာ အစရှိတဲ့ ဆီထွက်သီးနှံတွေကို အရည်အသွေးမြင့် ထုတ်ကုန်တွေအဖြစ်   ထုတ်လုပ်ရောင်းချနိုင်လာ တဲ့အခါ စားသုံးသူတွေအနေနဲ့လည်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့    စားသုံးနိုင်မှာဖြစ်သလို    ပြုပြင် ရောနှောထားတဲ့     ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီတွေကို    သုံးစွဲနေရခြင်းကနေလည်း   များစွာ လျော့နည်းသွားစေမှာဖြစ်တဲ့အပြင် စားသုံးဆီတွေရဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးကို ထိန်းချုပ်မြှင့်တင် ခြင်းကနေ ပြည်ပကို တင်ပို့နိုင်တဲ့အထိ မျှော်မှန်း ဆောင်ရွက်ခြင်းဖြင့်  ကျန်းမာတဲ့  နေ့စဉ်ဘဝတွေ အတွက်  ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါ ကြောင်း တင်ပြလိုက်ရပါတယ်။          ။