
မျိုးမင်းဦး(သမဦးစီး)
စားသုံးဆီသည် အစားအသောက်များ ကြော်လှော်ချက်ပြုတ်ရာတွင် မရှိမဖြစ် အရေးပါသောကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ စားသုံးဆီဟုဆိုရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီ စသည်ဖြင့် စားသုံးဆီ အမျိုးအစားပေါင်း များစွာရှိပါသည်။ ထိုအမျိုးအစားများထဲမှ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပြည်တွင်း ၌ အများဆုံးထုတ်လုပ်ပြီး ဟင်းသီးဟင်းရွက် ဆီနှင့် စားအုန်းဆီတို့ကို ပြည်ပမှ အများ အပြား မှာယူတင်သွင်းနေရပေသည်။
မိမိပြည်တွင်းရှိ စားသုံးဆီလိုအပ်ချက် များကို မိမိပြည်တွင်း၌ ပြည့်မီစွာ ထုတ်လုပ် နိုင်ခြင်းမရှိသောကြောင့် ပြည်ပမှတင်သွင်း နေရခြင်းဖြစ်သည်။ ပြည်တွင်း၌ စားသုံးဆီ များကို လုံလောက်စွာ ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းစရာမလိုဘဲ နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲရမှုကို တစ်ဖက်တစ်လမ်းမှ လျော့နည်းစေမည်ဖြစ်သည်။
ထိုသို့ နိုင်ငံတော်အတွက် လိုအပ်လျက် ရှိသော စားသုံးဆီများကို တောင်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်က တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးလျက်ရှိပါသည်။
လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
တောင်ကြီးမြို့နယ် သမဝါယမအသင်းစု ပိုင် တောင်ကြီးဆီစက်ကို ၆-၁၁-၂၀၀၁ ရက် က စတင်တည်ထောင်ခဲ့ပြီး စက်ရုံတည်နေရာ မှာ ဗိုလ်ချုပ်လမ်း (၂၂)လမ်းထိပ်၊ စက်မှုဇုန်၊ အေးသာယာမြို့နယ် တောင်ကြီးမြို့ ဖြစ် သည်။
ဆီစက်မှ မြေပဲဆီကိုသာ အဓိကထုတ် လုပ်ကြောင်း၊ ထုတ်လုပ်နိုင်မှုစွမ်းအားမှာ တစ်နှစ်လျှင် မြေပဲဆီ ပိဿာ ၁၂၀၀၀ (တန်ဖိုး အားဖြင့် ကျပ်သိန်း ၃၀၀) နှင့် မြေပဲဖတ် ပိဿာ ၆၈၄၀(တန်ဖိုးအားဖြင့် ကျပ် ၆၈ ဒသမ ၄ သိန်း)၊ စုစုပေါင်း ကျပ် ၃၆၈ ဒသမ ၄ သိန်းဖိုး ထုတ်လုပ်နိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် ထပ်မံတိုးမြှင့်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တစ်နှစ်လျှင် မြေပဲဆီ ၂၄၈၃၂ ပိဿာ (တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၆၀၀) နှင့် မြေပဲဖတ် ၃၅၃၈၅ ပိဿာ (တန်ဖိုးအားဖြင့် ကျပ် ၃၅၃ သိန်း) စုစုပေါင်း ကျပ် ၁၉၅၃ သိန်းဖိုး တိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဈေးကွက်ထိုးဖောက်နိုင်ရေးဆောင်ရွက်
တောင်ကြီးမြို့နယ် သမဝါယမအသင်းစု မှ ထုတ်လုပ်သော မြေပဲဆီကို အခြေခံ သမ ဝါယမအသင်းများနှင့် သမဝါယမမိသားစုဝင် များသို့ နှစ်လဆိုင်းအကြွေးစနစ်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း၊ ပြင်ပစားသုံးသူများသို့ ငါးပိဿာနှင့်အထက်ကို လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၇၅၀၀ နှုန်းဖြင့် လည်းကောင်း၊ ငါးပိဿာအောက်ကို လက်လီ ဈေး တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်းဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရ သည်။
ဈေးကွက်ဖော်ဆောင်မှုအနေဖြင့် ဒေသ တွင်းသာမက ဒေသပြင်ပ ဈေးကွက်များသို့ လည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း တွင်ကျယ်စွာ ရောင်းချ နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ကုန်စည် ဒိုင်နှင့်လည်းကောင်း၊ အခြား မြို့နယ် သမ ဝါယမအသင်းများနှင့်လည်းကောင်း ချိတ် ဆက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။
အကျိုးကျေးဇူးများရရှိ
အချုပ်အားဖြင့်ဆိုသော် တောင်ကြီး မြို့နယ် သမဝါယမအသင်းစုပိုင် တောင်ကြီး ဆီစက်သည် ဈေးနှုန်းသက်သာပြီး အရည် အသွေးပြည့်ဝသော မြေပဲဆီစစ်စစ်များကို ထုတ်လုပ်လျက်ရှိရာ အမြတ်အစွန်းကို အဓိကမထားဘဲ စေတနာကိုသာ အဓိက ထားပြီး အသင်းဝင်၊ အသင်းသားတို့၏အကျိုး ကို ရှေးရှုလျက် နိုင်ငံတော်အတွင်း စားသုံးဆီ လိုအပ်ချက်များကို သမဝါယမ၏ စွမ်းဆောင် နိုင်မှုစွမ်းအားဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့် ဆည်းပေးလျက်ရှိကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။ ။