 
 
ဘန်ကောက် ဇွန် ၂၉
စားသောက်ဆိုင်များနှင့် ဆောက် လုပ် ရေးလုပ်ငန်းများတွင် တစ်လ ကြာ  အလုပ်ရပ်နားခြင်းခံထားရ သော ထိုင်းအလုပ်သမားများသည် ထိုင်းဘတ် ၂ဝဝဝ   (အမေရိကန် ဒေါ်လာ ၆၂ ဒသမ ၃ဝ) ကို အပို ထပ်ဆောင်းနစ်နာကြေးအဖြစ် ရရှိမည်ဖြစ်ကြောင်း     အစိုးရ အရာရှိတစ်ဦးက ပြောကြားလိုက် သည်။ 
တစ်လကြာ တားဆီးပိတ်ဆို့ ခြင်း ခံလိုက်ရသော ထိုင်းအလုပ် သမားများသည်  လုပ်ခထက်ဝက် ခန့်လျော်ကြေးကို လက်ခံရရှိမည် ဖြစ်သည်။ အဆိုပါပမာဏသည် ၎င်းတို့၏     လစာထက်ဝက်နှင့် ညီမျှပြီး နောက်ထပ်ဘတ် ၂ဝဝဝ ကိုလည်းအပိုဆောင်း  နစ်နာကြေး အဖြစ်     ရရှိမည်ဖြစ်ကြောင်း အစိုးရ      ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်စရီက ဇွန် ၂၉ ရက်တွင် ပြောသည်။ 
အစိုးရသည် အဆိုပါ ကုန်ကျ စရိတ်ကို ကာမိရန် ထိုင်းဘတ် ၇ ဒသမ ၅ ဘီလီယံကို  ပြင်ဆင်ထား ကြောင်း သိရသည်။ 
လူမှုဖူလုံရေး   ဝင်ထားသည့် အလုပ်သမား ၆၉ဝဝဝဝ ကျော် သည်   အစိုးရ၏   ဒုက္ခသည် ကယ်ဆယ်ရေး  အစီအစဉ်မှ အကျိုးကျေးဇူးကို    ခံစားရမည် ဖြစ်သည်။ 
သို့သော်လည်း  လူမှုဖူလုံရေး မဝင်ထားသည့် အလုပ်သမားများ အနေဖြင့်   လုပ်ခထက်ဝက်ခန့် လျော်ကြေးကို    ရရှိမည်မဟုတ် သော်လည်း   အပိုဆောင်းနစ်နာ ကြေးဘတ် ၂ဝဝဝ ကို လက်ခံရရှိ မည်ဖြစ်ကြောင်း      အနူချာက ပြောသည်။                     ဆင်ဟွာ 
 
      


