စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၁၈  /  ၂၀၂၃
၁၃၈၅  ခုနှစ်၊   သီတင်းကျွတ်လဆန်း   ၄   ရက်
(၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာလ  ၁၈   ရက်)


စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း


၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ ဖြင့် ပြဋ္ဌာန်းခဲ့သော စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် (၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်  ၂  ရက်) နေ့တွင် စတင်အာဏာတည်ကြောင်း ယင်းဥပ‌ဒေ ပုဒ်မ  ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

     (ပုံ)
    မင်းအောင်လှိုင်
    ဗိုလ်ချုပ်မှူးကြီး
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ